ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 23:4-19 Common Language Bible (BCL)

4. ``သင့်​ရန်​သူ​၏​နွား​သို့​မ​ဟုတ်​မြည်း​သည် အုပ်​မှ ကွဲ​နေ​သည်​ကို​တွေ့​လျှင်​သူ့​ထံ​သို့​ပြန်​ပို့​ရ မည်။-

5. သူ​၏​မြည်း​သည်​ဝန်​ပိ​၍​လဲ​နေ​လျှင်​လွှဲ​ရှောင် မ​သွား​ဘဲ​မြည်း​ကို​ဝိုင်း​၍​ထူ​ပေး​ရ​မည်။

6. ``ဆင်း​ရဲ​သော​သူ​သည်​ရုံး​၌​တ​ရား​ဆိုင်​ရ သော​အ​ခါ သူ့​အား​တ​ရား​သ​ဖြင့်​စီ​ရင်​လော့။-

7. လူ​တစ်​ဦး​အား​မ​ဟုတ်​မ​မှန်​မ​စွပ်​စွဲ​ရ။ အ​ပြစ် ကင်း​မဲ့​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။ ထို​သို့​မ တ​ရား​မှု​ပြု​သူ​အား​ငါ​အ​ပြစ်​ဒဏ်​ပေး​မည်။-

8. တံ​စိုး​လက်​ဆောင်​စား​သူ​သည်​အမှန်​တ​ရား​ကို မ​မြင်​နိုင်​သည့်​အ​ပြင် အ​ပြစ်​ကင်း​မဲ့​သူ​ကို ပျက်​စီး​စေ​နိုင်​သော​ကြောင့်​တံ​စိုး​လက်​ဆောင် မ​ယူ​ရ။

9. ``သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ဧည့်​သည်​အ​ဖြစ် နှင့် နေ​ထိုင်​ခဲ့​ဖူး​၍​ဧည့်​သည်​၏​ခံ​စား​ချက်​ကို သိ​သည်​ဖြစ်​သော​ကြောင့် သင်​တို့​၏​ပြည်​တွင် ဧည့်​သည်​ဖြစ်​သော​အ​ခြား​အ​မျိုး​သား​တို့ ကို​မ​ညှဉ်း​ဆဲ​နှင့်။

10. ``သင်​တို့​သည်​ခြောက်​နှစ်​ပတ်​လုံး​ထွန်​ယက် စိုက်​ပျိုး​၍ ထွက်​သ​မျှ​သီး​နှံ​ကို​စု​သိမ်း​ရ မည်။-

11. သို့​ရာ​တွင်​သတ္တ​မ​နှစ်​၌​ထွန်​ယက်​စိုက်​ပျိုး​ခြင်း မ​ပြု​ဘဲ မြေ​ကို​အ​လွတ်​ထား​၍​ထို​မြေ​ပေါ် တွင်​ပေါက်​သ​မျှ​သီး​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ ဆင်း​ရဲ သူ​တို့​အား​ထို​မြေ​မှ​ထွက်​သော​သီး​နှံ​ကို​စား စေ​၍ ကြွင်း​ကျန်​သ​မျှ​ကို​တော​တိ​ရစ္ဆာန်​များ အ​တွက်​ဖြစ်​စေ​ရ​မည်။ သင်​တို့​၏​စ​ပျစ်​ခြံ၊ သံ​လွင်​ခြံ​တို့​ကို​လည်း​ထို​နည်း​အ​တိုင်း ပြု​လုပ်​ရ​မည်။

12. ``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို လုပ်​၍ သတ္တ​မ​နေ့​တွင်​နား​နေ​ရ​မည်။ ထို​သို့​ပြု လျှင် သင်​၏​ကျွန်​များ၊ သင်​ခိုင်း​စေ​သော​အ​ခြား အ​မျိုး​သား​များ​နှင့်​တိ​ရစ္ဆာန်​များ​သည် အ​လုပ် မှ​နား​ခွင့်​ရ​ကြ​လိမ့်​မည်။

13. ``သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​ကို​နား​ထောင် လော့။ အ​ခြား​သော​ဘု​ရား​တို့​ထံ​ဆု​မ​ပန်​နှင့်။ ထို​ဘု​ရား​တို့​၏​နာ​မ​ကို​မျှ​မ​မြွက်​ဆို ကြ​နှင့်။

14. ``သင်​တို့​သည်​ငါ​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ရန် ပွဲ​ကို​တစ်​နှစ်​လျှင်​သုံး​ကြိမ်​ကျင်း​ပ​ရ​မည်။-

15. တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ငါ မိန့်​မှာ​ခဲ့​သည့်​အ​တိုင်း အီ​ဂျစ်​ပြည်​မှ​ထွက်​ခဲ့ ရ​သော​အ​ဗိ​ဗ​လ​၌​ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​ကြ​မည်။ မည်​သူ​မျှ ပူ​ဇော်​သ​ကာ​မ​ပါ​ဘဲ​နှင့် ငါ့​ထံ​သို့​ချဉ်း​ကပ် ၍​ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​မ​ပြု​ရ။

16. ``သင်​တို့​လယ်​များ​မှ​ကောက်​ရိတ်​သိမ်း​ချိန်​သို့ ရောက်​လျှင် သင်​တို့​စိုက်​ပျိုး​ခဲ့​သော​သီး​နှံ​များ နှင့်​ကောက်​သိမ်း​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။``နှစ်​အ​ကုန်​တွင်​သင်​တို့​၏​သစ်​သီး​ခြံ​များ​မှ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​ကျင်း​ပ​ရ​မည်။-

17. နှစ်​စဉ်​ဤ​ပွဲ​သုံး​ကြိမ်​ကျင်း​ပ​စဉ်​တွင်​ယောကျာ်း အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကိုး​ကွယ်​ရ​မည်။

18. ``ငါ့​အား​ယဇ်​ကောင်​ပူ​ဇော်​သော​အ​ခါ တ​ဆေး ပါ​သော​မုန့်​နှင့်​မ​ပူ​ဇော်​ရ။ ဤ​ပွဲ​တော်​များ​တွင် ငါ့​အား​ပူ​ဇော်​သော​ယဇ်​ကောင်​၏​အ​ဆီ​ကို နောက် တစ်​နေ့​နံ​နက်​သို့​တိုင်​အောင်​မ​ကြွင်း​ကျန်​စေ​ရ။

19. ``နှစ်​စဉ်​သင်​တို့​၏​လယ်​များ​မှ အ​စ​ဦး​ဆုံး​ရိတ် သိမ်း​ရ​သော​သီး​နှံ​များ​ကို သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​ယူ​ဆောင်​လှူ​ဒါန်း ရ​မည်။``သိုး​ငယ်​သို့​မ​ဟုတ်​ဆိတ်​ငယ်​ကို အ​မိ​နို့​ရည်​နှင့်​မ​ချက်​မ​ပြုတ်​ရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 23