ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 23:31-33 Common Language Bible (BCL)

31. ငါ​သည်​သင်​တို့​တိုင်း​ပြည်​၏​နယ်​နိ​မိတ်​ကို ပင်​လယ်​နီ​မှ​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း၊ တော​ကန္တာ​ရ​မှ​ဥ​ဖ​ရတ်​မြစ်​သို့​လည်း​ကောင်း ကျယ်​ပြန့်​စေ​မည်။ ငါ​သည်​ထို​ပြည်​သား​တို့ ကို​သင်​တို့​၏​လက်​သို့​အပ်​သ​ဖြင့် သင်​တို့​သည် သူ​တို့​အား​နှင်​ထုတ်​နိုင်​လိမ့်​မည်။-

32. သူ​တို့​နှင့်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​နှင့် သော်​လည်း​ကောင်း သင်​တို့​သည်​မည်​သည့်​ပ​ဋိ ညာဉ်​ကို​မျှ​မ​ပြု​လုပ်​ရ။-

33. သင်​တို့​၏​ပြည်​တွင်​သူ​တို့​ကို​နေ​ထိုင်​ခွင့်​မ​ပေး နှင့်။ သူ​တို့​အား​နေ​ထိုင်​ခွင့်​ပေး​လျှင် သူ​တို့​သည် သင်​တို့​ကို​ငါ့​အား​ပြစ်​မှား​စေ​လိမ့်​မည်။ သင် တို့​သည်​သူ​တို့​၏​ဘု​ရား​များ​ကို​ကိုး​ကွယ် ပါ​က အ​မှန်​ပင်​ပျက်​စီး​ဆုံး​ရှုံး​စေ​မည့် ထောင်​ချောက်​ထဲ​သို့​ကျ​ရောက်​ကြ​လိမ့်​မည်။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 23