ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 23:3-14 Common Language Bible (BCL)

3. အ​မှု​စစ်​ဆေး​ရာ​၌​ဆင်း​ရဲ​သည့်​အ​ကြောင်း​ကို ထောက်​၍ ဆင်း​ရဲ​သား​ဘက်​မှ​မ​တ​ရား​သက်​သေ မ​ခံ​နှင့်။

4. ``သင့်​ရန်​သူ​၏​နွား​သို့​မ​ဟုတ်​မြည်း​သည် အုပ်​မှ ကွဲ​နေ​သည်​ကို​တွေ့​လျှင်​သူ့​ထံ​သို့​ပြန်​ပို့​ရ မည်။-

5. သူ​၏​မြည်း​သည်​ဝန်​ပိ​၍​လဲ​နေ​လျှင်​လွှဲ​ရှောင် မ​သွား​ဘဲ​မြည်း​ကို​ဝိုင်း​၍​ထူ​ပေး​ရ​မည်။

6. ``ဆင်း​ရဲ​သော​သူ​သည်​ရုံး​၌​တ​ရား​ဆိုင်​ရ သော​အ​ခါ သူ့​အား​တ​ရား​သ​ဖြင့်​စီ​ရင်​လော့။-

7. လူ​တစ်​ဦး​အား​မ​ဟုတ်​မ​မှန်​မ​စွပ်​စွဲ​ရ။ အ​ပြစ် ကင်း​မဲ့​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။ ထို​သို့​မ တ​ရား​မှု​ပြု​သူ​အား​ငါ​အ​ပြစ်​ဒဏ်​ပေး​မည်။-

8. တံ​စိုး​လက်​ဆောင်​စား​သူ​သည်​အမှန်​တ​ရား​ကို မ​မြင်​နိုင်​သည့်​အ​ပြင် အ​ပြစ်​ကင်း​မဲ့​သူ​ကို ပျက်​စီး​စေ​နိုင်​သော​ကြောင့်​တံ​စိုး​လက်​ဆောင် မ​ယူ​ရ။

9. ``သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ဧည့်​သည်​အ​ဖြစ် နှင့် နေ​ထိုင်​ခဲ့​ဖူး​၍​ဧည့်​သည်​၏​ခံ​စား​ချက်​ကို သိ​သည်​ဖြစ်​သော​ကြောင့် သင်​တို့​၏​ပြည်​တွင် ဧည့်​သည်​ဖြစ်​သော​အ​ခြား​အ​မျိုး​သား​တို့ ကို​မ​ညှဉ်း​ဆဲ​နှင့်။

10. ``သင်​တို့​သည်​ခြောက်​နှစ်​ပတ်​လုံး​ထွန်​ယက် စိုက်​ပျိုး​၍ ထွက်​သ​မျှ​သီး​နှံ​ကို​စု​သိမ်း​ရ မည်။-

11. သို့​ရာ​တွင်​သတ္တ​မ​နှစ်​၌​ထွန်​ယက်​စိုက်​ပျိုး​ခြင်း မ​ပြု​ဘဲ မြေ​ကို​အ​လွတ်​ထား​၍​ထို​မြေ​ပေါ် တွင်​ပေါက်​သ​မျှ​သီး​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ ဆင်း​ရဲ သူ​တို့​အား​ထို​မြေ​မှ​ထွက်​သော​သီး​နှံ​ကို​စား စေ​၍ ကြွင်း​ကျန်​သ​မျှ​ကို​တော​တိ​ရစ္ဆာန်​များ အ​တွက်​ဖြစ်​စေ​ရ​မည်။ သင်​တို့​၏​စ​ပျစ်​ခြံ၊ သံ​လွင်​ခြံ​တို့​ကို​လည်း​ထို​နည်း​အ​တိုင်း ပြု​လုပ်​ရ​မည်။

12. ``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို လုပ်​၍ သတ္တ​မ​နေ့​တွင်​နား​နေ​ရ​မည်။ ထို​သို့​ပြု လျှင် သင်​၏​ကျွန်​များ၊ သင်​ခိုင်း​စေ​သော​အ​ခြား အ​မျိုး​သား​များ​နှင့်​တိ​ရစ္ဆာန်​များ​သည် အ​လုပ် မှ​နား​ခွင့်​ရ​ကြ​လိမ့်​မည်။

13. ``သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​ကို​နား​ထောင် လော့။ အ​ခြား​သော​ဘု​ရား​တို့​ထံ​ဆု​မ​ပန်​နှင့်။ ထို​ဘု​ရား​တို့​၏​နာ​မ​ကို​မျှ​မ​မြွက်​ဆို ကြ​နှင့်။

14. ``သင်​တို့​သည်​ငါ​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ရန် ပွဲ​ကို​တစ်​နှစ်​လျှင်​သုံး​ကြိမ်​ကျင်း​ပ​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 23