ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 23:21-33 Common Language Bible (BCL)

21. သူ့​ကို​ရို​သေ​လေး​စား​၍​သူ့​စ​ကား​ကို​နား​ထောင် လော့။ သူ့​ကို​ငါ​စေ​လွှတ်​သော​ကြောင့်​သူ့​ကို​မ​ပုန် ကန်​နှင့်။ သူ​သည်​ထို​သို့​သော​ပုန်​ကန်​မှု​ကို​ခွင့် လွှတ်​လိမ့်​မည်​မ​ဟုတ်။-

22. သို့​ရာ​တွင်​သင်​တို့​သည်​သူ့​စ​ကား​ကို​နား ထောင်​၍ ငါ​မိန့်​မှာ​သ​မျှ​အ​တိုင်း​ပြု​လုပ်​လျှင် ငါ​သည်​သင်​တို့​၏​ရန်​သူ​အ​ပေါင်း​ကို​တိုက် ခိုက်​၍ သင့်​အား​ဆန့်​ကျင်​သူ​အ​ပေါင်း​ကို ဆန့်​ကျင်​မည်။-

23. ငါ​၏​ကောင်း​ကင်​တ​မန်​သည်​သင်​တို့​ရှေ့​က သွား​၍ အာ​မော​ရိ​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပို့​ဆောင်​လိမ့်​မည်။ ထို​အ​မျိုး သား​အ​ပေါင်း​တို့​ကို​ငါ​သုတ်​သင်​ဖျက်​ဆီး မည်။-

24. သင်​တို့​သည်​သူ​တို့​၏​ဘု​ရား​များ​ကို​ဦး မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​၏​ဘာ​သာ​ဋ္ဌ​လေ့ အ​တိုင်း​မ​ကျင့်​ရ။ သူ​တို့​၏​ဘု​ရား​များ​ကို ဖြို​ဖျက်​၍​သူ​တို့​ကိုး​ကွယ်​သော​ကျောက်​တိုင် များ​ကို​ချိုး​ဖျက်​ရ​မည်။-

25. သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​လျှင် ငါ​သည်​သင်​တို့​အား ဝ​လင်​စွာ​စား​သောက်​ရ​စေ​မည်။ အ​နာ​ရော​ဂါ တို့​မှ​လည်း​ကင်း​ရှင်း​စေ​မည်။-

26. သင်​တို့​၏​ပြည်​တွင်​ကိုယ်​ဝန်​ပျက်​သော​မိန်း​မ၊ မြုံ​သော​မိန်း​မ​ဟူ​၍​မ​ရှိ​စေ​ရ။ သင်​တို့​အား အ​သက်​ရှည်​စေ​မည်။

27. ``သင်​တို့​ကို​ရန်​ဘက်​ပြု​သူ​တို့​သည် ငါ့​ကို​ကြောက် ရွံ့​ရ​ကြ​လိမ့်​မည်။ သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​သော ပြည်​မှ လူ​တို့​သည်​က​စဥ့်​က​လျား​ဖြစ်​၍​ထွက် ပြေး​ကြ​လိမ့်​မည်။-

28. ဟိ​ဝိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ အ​မျိုး​သား​တို့​သည်​ထိတ်​လန့်​တ​ကြား​ဖြစ် ၍​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-

29. ငါ​သည်​ထို​လူ​မျိုး​အား​လုံး​တို့​ကို​တစ်​နှစ် အ​တွင်း​မောင်း​ထုတ်​မည်​မ​ဟုတ်။ အ​ကယ်​၍​ထို သို့​ပြု​မူ​ပါ​မူ တိုင်း​ပြည်​တွင်​လူ​သူ​ကင်း​မဲ့​၍ သား​ရဲ​များ​မင်း​မူ​သ​ဖြင့်​သင်​တို့​အား​အန္တရာယ် ဖြစ်​စေ​မည်။-

30. သင်​တို့​သည်​တိုင်း​ပြည်​ကို​သိမ်း​ပိုက်​နိုင်​ရန်​လူ​ဦး ရေ​တိုး​ပွား​လာ​သည်​အ​ထိ ငါ​သည်​သူ​တို့​ကို တစ်​စ​တစ်​စ​မောင်း​ထုတ်​မည်။-

31. ငါ​သည်​သင်​တို့​တိုင်း​ပြည်​၏​နယ်​နိ​မိတ်​ကို ပင်​လယ်​နီ​မှ​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း၊ တော​ကန္တာ​ရ​မှ​ဥ​ဖ​ရတ်​မြစ်​သို့​လည်း​ကောင်း ကျယ်​ပြန့်​စေ​မည်။ ငါ​သည်​ထို​ပြည်​သား​တို့ ကို​သင်​တို့​၏​လက်​သို့​အပ်​သ​ဖြင့် သင်​တို့​သည် သူ​တို့​အား​နှင်​ထုတ်​နိုင်​လိမ့်​မည်။-

32. သူ​တို့​နှင့်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​နှင့် သော်​လည်း​ကောင်း သင်​တို့​သည်​မည်​သည့်​ပ​ဋိ ညာဉ်​ကို​မျှ​မ​ပြု​လုပ်​ရ။-

33. သင်​တို့​၏​ပြည်​တွင်​သူ​တို့​ကို​နေ​ထိုင်​ခွင့်​မ​ပေး နှင့်။ သူ​တို့​အား​နေ​ထိုင်​ခွင့်​ပေး​လျှင် သူ​တို့​သည် သင်​တို့​ကို​ငါ့​အား​ပြစ်​မှား​စေ​လိမ့်​မည်။ သင် တို့​သည်​သူ​တို့​၏​ဘု​ရား​များ​ကို​ကိုး​ကွယ် ပါ​က အ​မှန်​ပင်​ပျက်​စီး​ဆုံး​ရှုံး​စေ​မည့် ထောင်​ချောက်​ထဲ​သို့​ကျ​ရောက်​ကြ​လိမ့်​မည်။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 23