ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 22:19-31 Common Language Bible (BCL)

19. ``တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​သူ​ကို​သေ​ဒဏ်​စီ ရင်​ရ​မည်။

20. ``ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး​အ​ခြား​သော ဘု​ရား​ကို​ယဇ်​ပူ​ဇော်​သူ​အား​သေ​ဒဏ်​စီ​ရင် ရ​မည်။

21. ``သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ဧည့်​သည်​အ​ဖြစ် နေ​ထိုင်​ခဲ့​ဖူး​ကြောင်း သ​တိ​ရ​လျက်​အ​ခြား အ​မျိုး​သား​များ​ကို​မ​နှိပ်​စက်​မ​ညှင်း​ဆဲ​ရ။-

22. မု​ဆိုး​မ​နှင့်​မိ​ဘ​မဲ့​က​လေး​ကို​မ​နှိပ်​စက် ရ။-

23. သင်​တို့​သည်​ထို​သူ​တို့​ကို​နှိပ်​စက်​သ​ဖြင့်၊ သူ​တို့​က​ငါ့​ထံ​အ​သ​နား​ခံ​လျှင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည်​နား​ညောင်း​မည်။

24. ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​ကို​စစ်​ပွဲ တွင်​ကျ​ဆုံး​စေ​မည်။ ထို​အ​ခါ​သင်​တို့​၏​မ​ယား တို့​သည်​မု​ဆိုး​မ​ဖြစ်​၍​သင်​တို့​၏​သား​သ​မီး များ​သည်​ဘ​သက်​ဆိုး​ဖြစ်​ကြ​လိမ့်​မည်။

25. ``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ထဲ​မှ​ဆင်း​ရဲ သော​သူ​တို့​အား ငွေ​ချေး​လျှင်၊ ငွေ​ချေး​စား​သူ ကဲ့​သို့​အ​တိုး​မ​ယူ​ရ။-

26. သင်​သည်​တစ်​စုံ​တစ်​ယောက်​ထံ​မှ​ခြုံ​ထည် ကို​အ​ပေါင်​ပစ္စည်း​အ​ဖြစ်​လက်​ခံ​ထား​လျှင်၊ နေ​မ​ဝင်​မီ​သူ့​အား​ပြန်​ပေး​ရ​မည်။-

27. သူ​၏​ကိုယ်​ကို​ခြုံ​စ​ရာ​ဟူ​၍​ထို​ခြုံ​ထည်​တစ်​ခု တည်း​သာ​ရှိ​သည်​ဖြစ်​သော​ကြောင့်​သူ​သည်​ခြုံ စ​ရာ​မ​ရှိ​လျှင်​အ​ဘယ်​သို့​အိပ်​နိုင်​မည်​နည်း။ ငါ​သည်​သ​နား​ကြင်​နာ​သော​အ​ရှင်​ဖြစ်​၍ သူ​သည်​ငါ့​အား​လျှောက်​ထား​သော​အ​ခါ ငါ​နား​ညောင်း​မည်။

28. ``သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော ဆို​ခြင်း​မ​ပြု​ရ။ သင်​တို့​၏​လူ​မျိုး​ခေါင်း​ဆောင် ကို​မ​ကျိန်​ဆဲ​ရ။

29. ``သင်​တို့​၏​အ​ဦး​ဆုံး​ရိတ်​သိမ်း​သော​အ​သီး အ​နှံ၊ အ​ဦး​ဆုံး​ညှစ်​သော​စ​ပျစ်​ရည်​ကို​ငါ့ အား​ဆက်​ကပ်​ရ​မည်။``သင်​တို့​၏​သား​ဦး​များ​ကို​ငါ့​အား​ဆက်​ကပ် ရ​မည်။-

30. သင်​တို့​၏​သိုး၊ နွား​တို့​မှ​သား​ဦး​ပေါက်​များ​ကို လည်း​ငါ့​အား​ဆက်​ကပ်​ရ​မည်။ သိုး​နွား​သား​ဦး ပေါက်​များ​သည်​သူ​တို့​၏​မိ​ခင်​နှင့်​အ​တူ​ခု​နစ် ရက်​နေ​စေ​၍ အ​ဋ္ဌ​မ​နေ့​တွင်​ထို​သိုး​နွား​များ ကို​ငါ့​အား​ဆက်​ကပ်​ရ​မည်။

31. ``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​ကြောင့် သား​ရဲ​များ​ကိုက်​သတ်​သော​တိ​ရစ္ဆာန်​၏​အ​သား ကို​မ​စား​ရ။ ထို​အ​သား​ကို​ခွေး​တို့​အား​ကျွေး လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 22