ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 22:10-15 Common Language Bible (BCL)

10. ``လူ​တစ်​ဦး​က သိုး၊ နွား၊ မြည်း​အ​စ​ရှိ​သော တိ​ရစ္ဆာန်​တစ်​ကောင်​ကို​တစ်​စုံ​တစ်​ယောက်​သော သူ​ထံ​၌​အပ်​နှံ​ထား​သော​အ​ခါ၊ ထို​တိ​ရစ္ဆာန် သေ​လျှင်​ဖြစ်​စေ၊ ထိ​ခိုက်​ဒဏ်​ရာ​ရ​လျှင်​ဖြစ် စေ၊ လု​ယူ​သွား​ခြင်း​ခံ​ရ​လျှင်​ဖြစ်​စေ သက်​သေ​မ​ရှိ​ခဲ့​သော်၊-

11. အပ်​နှံ​ခြင်း​ခံ​ရ​သူ​သည်​မိ​မိ​မ​ခိုး​ကြောင်း ဘု​ရား​သ​ခင်​ရှေ့​တော်​တွင်​ကျိန်​ဆို​ရ​မည်။ ကျိန်​ဆို​သည့်​အ​တိုင်း​ပိုင်​ရှင်​လက်​ခံ​ရ​မည်။ အပ်​နှံ​ခြင်း​ခံ​ရ​သူ​သည်​မ​ခိုး​ခဲ့​လျှင် ပြန်​လျော်​ရန်​မ​လို။-

12. အ​ကယ်​၍​ခိုး​ခဲ့​သော်​ပြန်​လျော်​ရ​မည်။

13. သား​ရဲ​ကိုက်​သတ်​ခံ​ရ​သည်​ဟု​ဆို​လျှင်​အ​သေ ကောင်​ကို​သက်​သေ​အ​ဖြစ်​ပြ​နိုင်​ရ​မည်။ သား ရဲ​ကိုက်​သတ်​သည်​မှန်​လျှင်​မ​လျော်​စေ​ရ။

14. ``လူ​တစ်​ဦး​သည်​အ​ခြား​တစ်​ဦး​ထံ​မှ တိ​ရစ္ဆာန်​တစ်​ကောင်​ကို​ငှား​၍၊ ပိုင်​ရှင်​၏​မျက် ကွယ်​တွင် ထို​တိ​ရစ္ဆာန်​သည်​ထိ​ခိုက်​ဒဏ်​ရာ​ရ လျှင်​ဖြစ်​စေ၊ သေ​လျှင်​ဖြစ်​စေ​ငှား​သူ​က လျော်​ရ​မည်။-

15. သို့​ရာ​တွင်​ပိုင်​ရှင်​ရှေ့​၌​ဒဏ်​ရာ​ရ​သေ​ဆုံး​ခဲ့ သော်​ငှား​သူ​က​မ​လျော်​ရ။ အ​ကယ်​၍​တိ​ရစ္ဆာန် ကို​အ​ခ​နှင့်​ငှား​လျှင်၊ ဒဏ်​ရာ​ရ​သေ​ဆုံး​မှု အ​တွက်​ပိုင်​ရှင်​အား​လျော်​ရန်​မ​လို။ ငှား​ခ ကို​သာ​ပေး​စေ​ရ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 22