ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 22:1-11 Common Language Bible (BCL)

1. ``လူ​တစ်​ဦး​သည်​နွား၊ သို့​မ​ဟုတ်​သိုး​တစ် ကောင်​ကို​ခိုး​၍​သတ်​သည်​ဖြစ်​စေ၊ ရောင်း​သည် ဖြစ်​စေ​နွား​တစ်​ကောင်​အ​တွက်​နွား​ငါး​ကောင်၊ သိုး​တစ်​ကောင်​အ​တွက်​သိုး​လေး​ကောင်​ကို အ​စား​လျော်​ရ​မည်။-

2-4. သူ​သည်​ခိုး​သည့်​တိ​ရစ္ဆာန်​အ​တွက်​လျော်​ရ မည်။ သူ​၌​လျော်​စ​ရာ​မ​ရှိ​လျှင်​မိ​မိ​ကိုယ်​ကို ရောင်း​၍​လျော်​ကြေး​ပေး​ရ​မည်။ ခိုး​ရာ​ပါ​သိုး၊ နွား၊ မြည်း​ကို​သူ့​ထံ​၌​အ​ရှင်​တွေ့​ရ​လျှင်​သူ သည်​နှစ်​ဆ​ပြန်​လျော်​ရ​မည်။``အိမ်​ကို​ည​အ​ချိန်​ဖောက်​ထွင်း​နေ​သော​သူ​ခိုး ကို​သတ်​သော​သူ​သည် လူ​သတ်​မှု​ကို​ကူး​လွန် ရာ​မ​ရောက်​ချေ။ သို့​ရာ​တွင်​နေ့​အ​ချိန်​၌​ဖောက် ထွင်း​မှု​ကြောင့်​သူ​ခိုး​ကို​သတ်​လျှင် သတ်​သော သူ​သည်​လူ​သတ်​မှု​ကို​ကူး​လွန်​၏။

5. ``လူ​တစ်​ဦး​သည်​မိ​မိ​၏​တိ​ရစ္ဆာန်​များ​ကို လယ် သို့​မ​ဟုတ်​စ​ပျစ်​ဥ​ယျာဉ်​ထဲ​တွင်​ထိန်း​ကျောင်း နေ​စဉ် သူ​တစ်​ပါး​၏​လယ်​ထဲ​သို့​ကူး​ကျော် ကျက်​စား​စေ​လျှင်၊ မိ​မိ​၏​လယ်​သို့​မ​ဟုတ် စ​ပျစ်​ဥ​ယျာဉ်​မှ​ထွက်​သော​အ​ကောင်း​ဆုံး အ​သီး​အ​နှံ​ဖြင့်​အ​စား​လျော်​စေ​ရ​မည်။

6. ``လူ​တစ်​ဦး​မိ​မိ​၏​လယ်​ကို​မီး​ရှို့​သည့်​အ​ခါ ပေါင်း​ပင်​များ​ကို​မီး​စွဲ​လောင်​၍၊ သူ​တစ်​ပါး လယ်​ထဲ​ရှိ​ကောက်​လှိုင်း​ပုံ​များ​နှင့်​စ​ပါး​ပင် တို့​ကို​မီး​ကူး​စက်​လျှင် မီး​ရှို့​သူ​သည်​ပျက်​စီး ဆုံး​ရှုံး​သူ​အ​တွက်​လျော်​စေ​ရ​မည်။-

7. လူ​တစ်​ဦး​က​အ​ခြား​လူ​တစ်​ဦး​ထံ​၌၊ ငွေ သို့​မ​ဟုတ်​အ​ဖိုး​တန်​ပစ္စည်း​များ​ကို​အပ်​နှံ ထား​သော​အ​ခါ၊ ထို​ပစ္စည်း​များ​ခိုး​ယူ​ခြင်း ခံ​ရ​သော်​ခိုး​သူ​ကို​မိ​လျှင် ခိုး​သူ​က​နှစ်​ဆ ပြန်​လျော်​စေ​ရ​မည်။-

8. ခိုး​သူ​ကို​မ​မိ​လျှင်​မူ​ကား၊ ပစ္စည်း​အပ်​နှံ​ခြင်း ခံ​ရ​သူ​သည် ကိုယ်​တိုင်​ပစ္စည်း​ကို​ခိုး​သည်၊ မ​ခိုး သည်​သိ​နိုင်​ရန်​သူ့​ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​သို့​ခေါ်​ဆောင်​၍​ကျိန်​ဆို​စေ​ရ​မည်။

9. ``သိုး၊ နွား၊ မြည်း၊ အ​ဝတ်​အ​စ​ရှိ​သော​ပျောက် ဆုံး​သည့်​ပစ္စည်း​ကို​ပိုင်​ဆိုင်​မှု​နှင့်​ပတ်​သက်​၍ လူ​နှစ်​ဦး​အ​ငြင်း​ပွား​ခဲ့​သည်​ရှိ​သော်၊ ထို​သူ နှစ်​ဦး​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ အ​စစ်​ခံ​၍၊ တ​ရား​ရှုံး​သူ​က​နှစ်​ဆ​လျော် ရ​မည်။

10. ``လူ​တစ်​ဦး​က သိုး၊ နွား၊ မြည်း​အ​စ​ရှိ​သော တိ​ရစ္ဆာန်​တစ်​ကောင်​ကို​တစ်​စုံ​တစ်​ယောက်​သော သူ​ထံ​၌​အပ်​နှံ​ထား​သော​အ​ခါ၊ ထို​တိ​ရစ္ဆာန် သေ​လျှင်​ဖြစ်​စေ၊ ထိ​ခိုက်​ဒဏ်​ရာ​ရ​လျှင်​ဖြစ် စေ၊ လု​ယူ​သွား​ခြင်း​ခံ​ရ​လျှင်​ဖြစ်​စေ သက်​သေ​မ​ရှိ​ခဲ့​သော်၊-

11. အပ်​နှံ​ခြင်း​ခံ​ရ​သူ​သည်​မိ​မိ​မ​ခိုး​ကြောင်း ဘု​ရား​သ​ခင်​ရှေ့​တော်​တွင်​ကျိန်​ဆို​ရ​မည်။ ကျိန်​ဆို​သည့်​အ​တိုင်း​ပိုင်​ရှင်​လက်​ခံ​ရ​မည်။ အပ်​နှံ​ခြင်း​ခံ​ရ​သူ​သည်​မ​ခိုး​ခဲ့​လျှင် ပြန်​လျော်​ရန်​မ​လို။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 22