ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 21:5-15 Common Language Bible (BCL)

5. သို့​ရာ​တွင်​ထို​ကျွန်​က​သူ​၏​သ​ခင်၊ သူ​၏ ဇ​နီး​နှင့်​သား​သ​မီး​တို့​ကို​ချစ်​၍​လွတ် မြောက်​ခွင့်​မ​ယူ​လို​ပါ​က၊-

6. သ​ခင်​က​သူ့​ကို​ဘု​ရား​ရှိ​ခိုး​ရာ​ဌာ​န​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။ ထို​ကျွန်​အား​တံ​ခါး​သို့​မ​ဟုတ် တံ​ခါး​တိုင်​အ​ထိ​ခေါ်​ဆောင်​ပြီး​လျှင် သူ​၏​နား ရွက်​ကို​စူး​ဖြင့်​ဖောက်​ရ​မည်။ ထို​နောက်​သူ​သည် သ​ခင်​ထံ​၌​တစ်​သက်​ပတ်​လုံး​ကျွန်​ခံ​ရ မည်။

7. ``တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​သ​မီး​ကို​ကျွန် အ​ဖြစ်​ရောင်း​လျှင်၊ ထို​ကျွန်​မိန်း​မ​သည်​ကျွန် ယောကျာ်း​တို့​ကဲ့​သို့​လွတ်​မြောက်​ခွင့်​မ​ရ​နိုင်။-

8. သ​ခင်​က​ထို​မိန်း​မ​ကို​မ​နှစ်​သက်​သ​ဖြင့် မ​ယား​အ​ဖြစ်​မ​ပေါင်း​လို​လျှင်၊ သူ့​ဖ​ခင်​က သူ့​ကို​ပြန်​၍​ရွေး​ယူ​စေ​ရ​မည်။ သ​ခင်​သည် ဝတ္တ​ရား​ပျက်​ကွက်​သ​ဖြင့်​ကျွန်​မ​ကို​အ​ခြား အ​မျိုး​သား​များ​လက်​သို့​ရောင်း​ခွင့်​မ​ရှိ​စေ ရ။-

9. တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​မိ​မိ​ဝယ်​သော ကျွန်​မ​ကို​သူ​၏​သား​နှင့်​စုံ​ဖက်​ပေး​လျှင်၊ ထို မိန်း​မ​ကို​သ​မီး​ကဲ့​သို့​ပြု​စု​ထား​ရ​မည်။-

10. တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ဒု​တိ​ယ​မိန်း​မ တစ်​ယောက်​နှင့်​စုံ​ဖက်​လျှင် ပ​ထ​မ​ဇ​နီး​သည် အ​စား​အ​စာ၊ အ​ဝတ်​အ​ထည်​နှင့်​အ​ခွင့် အ​ရေး​တို့​ကို​ယ​ခင်​အ​တိုင်း​ရ​ရှိ​စေ​ရ မည်။-

11. အ​ဆို​ပါ​ဝတ္တ​ရား​များ​ပျက်​ကွက်​ခဲ့​လျှင်​သူ သည်​ငွေ​အ​လျော်​မ​တောင်း​ဘဲ ထို​မိန်း​မ​ကို လွတ်​မြောက်​ခွင့်​ပေး​ရ​မည်။

12. ``လူ​တစ်​ယောက်​ကို​ရိုက်​နှက်​၍ သေ​စေ​သူ​အား သေ​ဒဏ်​ခံ​စေ​ရ​မည်။-

13. သေ​စေ​ရန်​မ​ရည်​ရွယ်​ဘဲ​နှင့်​မ​တော်​တ​ဆ သတ်​မိ​လျှင် သတ်​သော​သူ​သည်​ငါ​သတ်​မှတ် ပေး​မည့်​လုံ​ခြုံ​ရာ​အ​ရပ်​သို့​ရှောင်​တိမ်း​နေ နိုင်​၏။-

14. သို့​ရာ​တွင်​ဒေါ​သ​ထွက်​၍​သေ​စေ​ရန်​ရည်​ရွယ် ချက်​ဖြင့် လူ​တစ်​ယောက်​ကို​သတ်​သော​သူ​သည်၊ ငါ​၏​ယဇ်​ပလ္လင်​၌​ပင်​ခို​လှုံ​နေ​စေ​ကာ​မူ သူ့​အား​ဆွဲ​ထုတ်​၍​သေ​ဒဏ်​ခံ​စေ​ရ​မည်။

15. ``မိ​ဘ​ကို​ရိုက်​နှက်​သော​သူ​အား သေ​ဒဏ် ခံ​စေ​ရ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 21