ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 21:22-31 Common Language Bible (BCL)

22. ``လူ​တို့​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​နေ​စဉ် ကိုယ်​ဝန်​ဆောင်​မိန်း​မ​ကို​ထိ​ခိုက်​မိ​သ​ဖြင့် ကိုယ် ဝန်​ပျက်​သော်​လည်း​ဒဏ်​ရာ​မ​ရ​စေ​လျှင်၊ ထိ ခိုက်​နာ​ကျင်​စေ​သော​သူ​က​ထို​မိန်း​မ​၏​လင် ယောကျာ်း​တောင်း​ဆို​သ​မျှ​လျော်​ကြေး​ကို တ​ရား​သူ​ကြီး​များ​၏​သ​ဘော​တူ​ညီ​ချက် ဖြင့်​ပေး​ရ​မည်။-

23. သို့​ရာ​တွင်​မိန်း​မ​အား​အ​နာ​တ​ရ​ဖြစ်​စေ​လျှင် အ​သက်​အ​စား​အ​သက်၊-

24. မျက်​စိ​အ​စား​မျက်​စိ၊ သွား​အ​စား​သွား၊ လက်​အ​စား​လက်၊ ခြေ​အ​စား​ခြေ၊-

25. မီး​လောင်​ခြင်း​အ​စား​မီး​လောင်​ခြင်း၊ ထိ​ရှ ခြင်း​အ​စား​ထိ​ရှ​ခြင်း၊ ဒဏ်​ရာ​အ​စား​ဒဏ် ရာ​ကို​ခံ​စေ​ရ​မည်။

26. ``သ​ခင်​က​ကျွန်​ယောကျာ်း​သို့​မ​ဟုတ်​ကျွန်​မိန်း​မ ၏​မျက်​စိ​ကို​ရိုက်​သ​ဖြင့် မျက်​စိ​ပျက်​လျှင်​မျက်​စိ အ​တွက်​လျော်​ကြေး​အ​ဖြစ်​ကျွန်​ကို​လွတ်​မြောက် ခွင့်​ပေး​စေ။-

27. သ​ခင်​က​ကျွန်​ကို​ရိုက်​၍​ကျွန်​၏​သွား​ကျိုး​လျှင် သွား​အ​တွက်​လျော်​ကြေး​အ​ဖြစ်​ကျွန်​ကို​လွတ် မြောက်​ခွင့်​ပေး​စေ။

28. ``နွား​တစ်​ကောင်​သည်​လူ​တစ်​ယောက်​ကို​ဦး​ချို​ဖြင့် ဝှေ့​သတ်​လျှင် ထို​နွား​ကို​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ မည်။ ထို​နွား​၏​အ​သား​ကို​မ​စား​ရ။ သို့​ရာ​တွင် နွား​ပိုင်​ရှင်​ကို​အ​ပြစ်​ဒဏ်​မ​ပေး​ရ။-

29. အ​ကယ်​၍​နွား​သည်​လူ​ကို​ဝှေ့​တတ်​ကြောင်း နွား ပိုင်​ရှင်​အား​သ​တိ​ပေး​ပါ​လျက်​နှင့်​ချည်​နှောင် ၍​မ​ထား​သော​ကြောင့် လူ​တစ်​ယောက်​ကို​ဝှေ့ သတ်​ခဲ့​လျှင်​ထို​နွား​ကို​ကျောက်​ခဲ​နှင့်​ပစ်​၍ သတ်​ရ​မည်။ နွား​ရှင်​ကို​လည်း​သေ​ဒဏ်​ပေး​ရ မည်။-

30. အ​ကယ်​၍​နွား​ပိုင်​ရှင်​သည်​မိ​မိ​အ​သက် ချမ်း​သာ​ရန်​အ​တွက်​လျော်​ကြေး​ပေး​ခွင့် ရ​လျှင် တောင်း​ဆို​သ​မျှ​လျော်​ကြေး​ကို​ပေး ဆောင်​ရ​မည်။-

31. နွား​သည်​ယောကျာ်း​က​လေး​သို့​မ​ဟုတ်​မိန်း က​လေး​တစ်​ဦး​ကို​ဝှေ့​သတ်​လျှင် ထို​နည်း အ​တိုင်း​စီ​ရင်​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 21