ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 21:17-22 Common Language Bible (BCL)

17. ``မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​အား​သေ​ဒဏ်​ခံ စေ​ရ​မည်။

18. ``လူ​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​ရာ​၌​တစ် ယောက်​သော​သူ​က အ​ခြား​တစ်​ယောက်​အား ကျောက်​ခဲ​နှင့်​ဖြစ်​စေ၊ လက်​သီး​နှင့်​ဖြစ်​စေ ဒဏ်​ရာ​ရ​စေ​သော်​လည်း အ​သက်​မ​သေ​ဘဲ၊ အ​ကယ်​၍​အ​ရိုက်​ခံ​ရ​သူ​သည်​အိပ်​ရာ​ထဲ ၌​နေ​ရ​လျှင်​သော်​လည်း​ကောင်း၊-

19. ထ​၍​တောင်​ဝှေး​ဖြင့်​လမ်း​လျှောက်​နိုင်​လျှင် သော်​လည်း​ကောင်း၊ ထို​သူ​ကို​အ​ပြစ်​ဒဏ် မ​စီ​ရင်​ရ၊ ထို​သူ​အ​လုပ်​ပျက်​သည့်​အ​ချိန် အ​တွက် ဒဏ်​ရာ​ရ​စေ​သူ​က​လျော်​ကြေး​ကို ပေး​၍၊ အ​နာ​ပျောက်​ကင်း​သည့်​အ​ချိန်​အ​ထိ ဒဏ်​ရာ​ရ​သူ​အား​တာ​ဝန်​ယူ​စောင့်​ရှောက် ရ​မည်။

20. ``တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ကျွန်​ယောကျာ်း ကို​ဖြစ်​စေ၊ ကျွန်​မိန်း​မ​ကို​ဖြစ်​စေ​တုတ်​နှင့် ရိုက်​သ​ဖြင့်၊ ထို​ကျွန်​သေ​လျှင်​ထို​သူ​သည် အ​ပြစ်​ဒဏ်​ကို​ခံ​စေ​ရ​မည်။-

21. သို့​ရာ​တွင်​ထို​ကျွန်​သည်​တစ်​ရက်​နှစ်​ရက်​မျှ နာ​လျက်​မ​သေ​လျှင်၊ ထို​သူ​ကို​အ​ပြစ်​ဒဏ် မ​စီ​ရင်​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်​ကျွန်​ဟူ သည်​မှာ​သ​ခင်​ပိုင်​ပစ္စည်း​မျှသာ​ဖြစ်​သော ကြောင့်​တည်း။

22. ``လူ​တို့​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​နေ​စဉ် ကိုယ်​ဝန်​ဆောင်​မိန်း​မ​ကို​ထိ​ခိုက်​မိ​သ​ဖြင့် ကိုယ် ဝန်​ပျက်​သော်​လည်း​ဒဏ်​ရာ​မ​ရ​စေ​လျှင်၊ ထိ ခိုက်​နာ​ကျင်​စေ​သော​သူ​က​ထို​မိန်း​မ​၏​လင် ယောကျာ်း​တောင်း​ဆို​သ​မျှ​လျော်​ကြေး​ကို တ​ရား​သူ​ကြီး​များ​၏​သ​ဘော​တူ​ညီ​ချက် ဖြင့်​ပေး​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 21