ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 21:1-12 Common Language Bible (BCL)

1. ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ဖော် ပြ​ပါ​ပ​ညတ်​ချက်​တို့​ကို​သတ်​မှတ်​ပေး​လော့။-

2. ဟေ​ဗြဲ​အ​မျိုး​သား​ကျွန်​တစ်​ယောက်​ကို​ဝယ် လျှင် သူ​သည်​ခြောက်​နှစ်​ကျွန်​ခံ​စေ​ရ​မည်။ သတ္တမ နှစ်​သို့​ရောက်​သော်​သူ​သည်​ကြေး​မ​ပေး​ရ​ဘဲ လွတ်​လပ်​ခွင့်​ရ​ရှိ​စေ​ရ​မည်။-

3. တစ်​စုံ​တစ်​ယောက်​သည်​ကျွန်​ဖြစ်​ပြီး​မှ​အိမ် ထောင်​ကျ​လျှင်၊ လွတ်​မြောက်​သည့်​အ​ခါ​သူ့ ဇ​နီး​ကို​ခေါ်​ဆောင်​မ​သွား​ရ။ သို့​ရာ​တွင်​သူ သည်​အိမ်​ထောင်​ရှိ​ပြီး​မှ​ကျွန်​ဖြစ်​လာ​လျှင်၊ သူ​လွတ်​မြောက်​သည့်​အ​ခါ​သူ့​ဇ​နီး​လည်း လွတ်​စေ​ရ​မည်။-

4. သူ​၏​သ​ခင်​က​မိန်း​မ​နှင့်​စုံ​ဖက်​ပေး​သ​ဖြင့် သား​သ​မီး​များ​မွေး​ဖွား​လျှင်၊ ထို​မိန်း​မ​နှင့် သား​သ​မီး​တို့​ကို​သ​ခင်​ပိုင်​၏။ ထို့​ကြောင့်​သူ တစ်​ယောက်​တည်း​သာ​လွတ်​မြောက်​စေ​ရ​မည်။-

5. သို့​ရာ​တွင်​ထို​ကျွန်​က​သူ​၏​သ​ခင်၊ သူ​၏ ဇ​နီး​နှင့်​သား​သ​မီး​တို့​ကို​ချစ်​၍​လွတ် မြောက်​ခွင့်​မ​ယူ​လို​ပါ​က၊-

6. သ​ခင်​က​သူ့​ကို​ဘု​ရား​ရှိ​ခိုး​ရာ​ဌာ​န​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။ ထို​ကျွန်​အား​တံ​ခါး​သို့​မ​ဟုတ် တံ​ခါး​တိုင်​အ​ထိ​ခေါ်​ဆောင်​ပြီး​လျှင် သူ​၏​နား ရွက်​ကို​စူး​ဖြင့်​ဖောက်​ရ​မည်။ ထို​နောက်​သူ​သည် သ​ခင်​ထံ​၌​တစ်​သက်​ပတ်​လုံး​ကျွန်​ခံ​ရ မည်။

7. ``တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​သ​မီး​ကို​ကျွန် အ​ဖြစ်​ရောင်း​လျှင်၊ ထို​ကျွန်​မိန်း​မ​သည်​ကျွန် ယောကျာ်း​တို့​ကဲ့​သို့​လွတ်​မြောက်​ခွင့်​မ​ရ​နိုင်။-

8. သ​ခင်​က​ထို​မိန်း​မ​ကို​မ​နှစ်​သက်​သ​ဖြင့် မ​ယား​အ​ဖြစ်​မ​ပေါင်း​လို​လျှင်၊ သူ့​ဖ​ခင်​က သူ့​ကို​ပြန်​၍​ရွေး​ယူ​စေ​ရ​မည်။ သ​ခင်​သည် ဝတ္တ​ရား​ပျက်​ကွက်​သ​ဖြင့်​ကျွန်​မ​ကို​အ​ခြား အ​မျိုး​သား​များ​လက်​သို့​ရောင်း​ခွင့်​မ​ရှိ​စေ ရ။-

9. တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​မိ​မိ​ဝယ်​သော ကျွန်​မ​ကို​သူ​၏​သား​နှင့်​စုံ​ဖက်​ပေး​လျှင်၊ ထို မိန်း​မ​ကို​သ​မီး​ကဲ့​သို့​ပြု​စု​ထား​ရ​မည်။-

10. တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ဒု​တိ​ယ​မိန်း​မ တစ်​ယောက်​နှင့်​စုံ​ဖက်​လျှင် ပ​ထ​မ​ဇ​နီး​သည် အ​စား​အ​စာ၊ အ​ဝတ်​အ​ထည်​နှင့်​အ​ခွင့် အ​ရေး​တို့​ကို​ယ​ခင်​အ​တိုင်း​ရ​ရှိ​စေ​ရ မည်။-

11. အ​ဆို​ပါ​ဝတ္တ​ရား​များ​ပျက်​ကွက်​ခဲ့​လျှင်​သူ သည်​ငွေ​အ​လျော်​မ​တောင်း​ဘဲ ထို​မိန်း​မ​ကို လွတ်​မြောက်​ခွင့်​ပေး​ရ​မည်။

12. ``လူ​တစ်​ယောက်​ကို​ရိုက်​နှက်​၍ သေ​စေ​သူ​အား သေ​ဒဏ်​ခံ​စေ​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 21