ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 20:5-14 Common Language Bible (BCL)

5. ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၍ ငါ​နှင့်​ပြိုင်​ဘက်​ဟူ​၍​မ​ရှိ​စေ​ရ။ ထို့​ကြောင့် ရုပ်​တု​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​ရ။ ငါ့​ကို​မုန်း​သော သူ​ကို သား​သ​မီး၊ မြေး၊ မြစ်​တိုင်​အောင်​ဒဏ်​ခတ် မည်။-

6. သို့​ရာ​တွင်​ငါ့​ကို​ချစ်​၍​ငါ့​ပညတ်​တို့​ကို​စောင့် ထိန်း​သော​သူ​တို့​အား အ​မျိုး​အ​စဉ်​အ​ဆက် ထောင်​သောင်း​တိုင်​အောင်​ငါ​၏​မေတ္တာ​ကို​ပြ တော်​မူ​မည်။

7. ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​ကို​အ​လွဲ​သုံး​စား​မ​ပြု​ရ။ ထို​သို့ အ​လွဲ​သုံး​စား​ပြု​သူ​အား​ငါ​ဒဏ်​ခတ် မည်။

8. ``ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​လော့။ ထို​နေ့​ကို​နေ့ ထူး​နေ့​မြတ်​အ​ဖြစ်​သတ်​မှတ်​လော့။-

9. သင်​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို​လုပ် လော့။-

10. သတ္တမ​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အ​တွက်​သီး သန့်​ထား​သော​နား​ရက်​ဖြစ်​၏။ ထို​နေ့​တွင်​သင် မှ​စ​၍​သင်​၏​သား​သ​မီး​များ၊ ကျေး​ကျွန် များ၊ တိ​ရစ္ဆာန်​များ၊ ဧည့်​သည်​အာ​ဂန္တု​များ သည်​အ​လုပ်​မ​လုပ်​ရ။-

11. ထာ​ဝ​ရ​ဘု​ရား​သည်​ခြောက်​ရက်​အ​တွင်း​မိုး ကောင်း​ကင်၊ မြေ​ကြီး၊ ပင်​လယ်​နှင့်​ထို​အ​ရပ်​တို့ ၌​ရှိ​သ​မျှ​တို့​ကို​ဖန်​ဆင်း​၍​သတ္တ​မ​နေ့​တွင် နား​နေ​တော်​မူ​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​ထို​နား​ရက်​ကို​ကောင်း​ချီး​ပေး​၍ နေ့​ထူး နေ့​မြတ်​သတ်​မှတ်​တော်​မူ​၏။

12. ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​မည့်​ပြည်​တွင် အ​သက်​ရှည်​စွာ​နေ​ထိုင် နိုင်​ရန်​သင်​၏​မိ​ဘ​ကို​ရို​သေ​လော့။

13. ``လူ့​အ​သက်​ကို​မ​သတ်​နှင့်။

14. ``သူ့​သား​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 20