ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 20:11-23 Common Language Bible (BCL)

11. ထာ​ဝ​ရ​ဘု​ရား​သည်​ခြောက်​ရက်​အ​တွင်း​မိုး ကောင်း​ကင်၊ မြေ​ကြီး၊ ပင်​လယ်​နှင့်​ထို​အ​ရပ်​တို့ ၌​ရှိ​သ​မျှ​တို့​ကို​ဖန်​ဆင်း​၍​သတ္တ​မ​နေ့​တွင် နား​နေ​တော်​မူ​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​ထို​နား​ရက်​ကို​ကောင်း​ချီး​ပေး​၍ နေ့​ထူး နေ့​မြတ်​သတ်​မှတ်​တော်​မူ​၏။

12. ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​မည့်​ပြည်​တွင် အ​သက်​ရှည်​စွာ​နေ​ထိုင် နိုင်​ရန်​သင်​၏​မိ​ဘ​ကို​ရို​သေ​လော့။

13. ``လူ့​အ​သက်​ကို​မ​သတ်​နှင့်။

14. ``သူ့​သား​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။

15. ``သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။

16. ``သူ​တစ်​ပါး​၏​တစ်​ဘက်​၌​မ​တ​ရား​သက်​သေ မ​ခံ​နှင့်။

17. ``သူ​တစ်​ပါး​၏​အိမ်​ကို​လို​ချင်​တပ်​မက်​သော စိတ်​မ​ရှိ​နှင့်။ သူ​တစ်​ပါး​၏​မ​ယား၊ ကျေး​ကျွန်၊ နွား၊ မြည်း​မှ​စ​၍​သူ​ပိုင်​ဆိုင်​သ​မျှ​တို့​ကို မ​တပ်​မက်​နှင့်'' ဟု​မိန့်​တော်​မူ​သ​တည်း။

18. လူ​အ​ပေါင်း​တို့​သည်​မိုး​ချုန်း​သံ၊ တံ​ပိုး​မှုတ်​သံ နှင့်​လျှပ်​စစ်​ပြက်​ခြင်း၊ တောင်​မှ​မီး​ခိုး​ထွက်​ခြင်း တို့​ကို​ကြား​ရ​မြင်​ရ​သော​အ​ခါ ကြောက်​ရွံ့ တုန်​လှုပ်​လျက်​အ​ဝေး​၌​ရပ်​နေ​ကြ​၏။-

19. သူ​တို့​က​မော​ရှေ​အား``ကိုယ်​တော်​က​သာ အ​ကျွန်ုပ်​တို့​အား ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​ကို ဆင့်​ဆို​ပါ။ အ​ကျွန်ုပ်​တို့​နား​ထောင်​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​က​အ​ကျွန်ုပ်​တို့​အား​တိုက် ရိုက်​မိန့်​ကြား​ပါ​က အ​ကျွန်ုပ်​တို့​သေ​မည် ကို​စိုး​ရိမ်​ပါ​သည်'' ဟု​ဆို​လေ​၏။

20. ထို​အ​ခါ​မော​ရှေ​က``မ​ကြောက်​ရွံ့​ကြ​နှင့်။ သင် တို့​ကို​စုံ​စမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​၍ အ​ပြစ်​မ​ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း ဘု​ရား​သ​ခင်​ကြွ​လာ​ခြင်း​ဖြစ်​သည်'' ဟု​ဖြေ​ကြား လေ​၏။-

21. သို့​ရာ​တွင်​လူ​တို့​သည်​အ​ဝေး​၌​သာ​ရပ်​နေ ကြ​၏။ မော​ရှေ​က​သာ​လျှင်​ဘု​ရား​သ​ခင်​ရှိ တော်​မူ​ရာ မည်း​မှောင်​သော​တိမ်​တိုက်​အ​နီး​သို့ ချဉ်း​ကပ်​လေ​၏။

22. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဤ​သို့​မိန့်​တော်​မူ ၏။``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မိုး ကောင်း​ကင်​မှ​မိန့်​ကြား​သည်​ကို​သင်​တို့​သိ​ရ ကြ​ပြီ။-

23. သင်​တို့​သည်​ငါ့​ကို​သာ​ကိုး​ကွယ်​ရ​မည်။ ငွေ ရုပ်​တု၊ ရွှေ​ရုပ်​တု​ဘု​ရား​များ​ကို​ပြု​လုပ်​၍ မ​ကိုး​ကွယ်​နှင့်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 20