ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 2:15-16-25 Common Language Bible (BCL)

15-16. ဖာ​ရော​ဘု​ရင်​သည်​ထို​သ​တင်း​ကို​ကြား​ရ​သော အ​ခါ မော​ရှေ​အား​သတ်​ရန်​ကြံ​စည်​လေ​၏။ သို့ ရာ​တွင်​မော​ရှေ​သည်​ထွက်​ပြေး​၍​မိ​ဒျန်​ပြည် ၌​နေ​ထိုင်​လေ​၏။တစ်​နေ့​သ​၌​မော​ရှေ​သည်​ရေ​တွင်း​အ​နီး​၌​ထိုင် နေ​စဉ် မိ​ဒျန်​ပြည်​၌​နေ​ထိုင်​သော​ယဇ်​ပု​ရော​ဟိတ် ယေ​သ​ရော​၏​သ​မီး​ခု​နစ်​ယောက်​တို့​သည် ဖ​ခင် ၏​သိုး​နှင့်​ဆိတ်​များ​အ​တွက်​ရေ​တွင်း​မှ​ရေ​ခပ် ပြီး​လျှင် ရေ​သောက်​ခွက်​တွင်​ရေ​ဖြည့်​ရန်​လာ ကြ​၏။-

17. သို့​ရာ​တွင်​သိုး​ထိန်း​အ​ချို့​တို့​သည်​ယေ​သ​ရော ၏​သ​မီး​တို့​ကို​နှင်​ပစ်​လေ​၏။ ထို​အ​ခါ​မော​ရှေ သည်​အ​မျိုး​သ​မီး​တို့​ကို​ကူ​ညီ​သည့်​အ​နေ ဖြင့်၊ သူ​တို့​၏​သိုး​နှင့်​ဆိတ်​များ​ကို​သူ​ကိုယ် တိုင်​ရေ​တိုက်​လေ​၏။-

18. အ​မျိုး​သ​မီး​တို့​သည်​ဖ​ခင်​ယေ​သ​ရော​ထံ​သို့ ပြန်​ရောက်​လာ​ကြ​သော​အ​ခါ၊ ဖ​ခင်​က``သင်​တို့ ယ​နေ့​အိမ်​သို့​အ​ပြန်​စော​လှ​ချည့်​လား'' ဟု ဆို​လေ​၏။

19. သူ​တို့​က``အီ​ဂျစ်​ပြည်​သား​တစ်​ယောက်​က ကျွန်​မ​တို့​အား သိုး​ထိန်း​တို့​ရန်​မှ​ကာ​ကွယ် ပေး​သည့်​အ​ပြင်​ကျွန်​မ​တို့​၏​သိုး​ဆိတ်​များ အ​တွက်​ရေ​ခပ်​၍​တိုက်​ပါ​သည်'' ဟု​ပြန်​ဖြေ ကြ​၏။

20. ဖ​ခင်​က``ထို​သူ​ယ​ခု​အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ့​ကို​ထား​ခဲ့​ကြ​သ​နည်း။ သူ့ ကို​ဧည့်​ဝတ်​ပြု​ရန်​သွား​၍​ဖိတ်​ခေါ်​လော့'' ဟု စေ​ခိုင်း​လေ​၏။

21. မော​ရှေ​သည်​ယေ​သ​ရော​နှင့်​အ​တူ​နေ​ထိုင်​၍၊ ယေ​သ​ရော​၏​သ​မီး​ဇိ​ပေါ​ရ​နှင့်​အိမ်​ထောင် ဘက်​ပြု​လေ​၏။-

22. ဇိ​ပေါ​ရ​သည်​သား​တစ်​ယောက်​ကို​ဖွား​မြင်​သော အ​ခါ၊ မော​ရှေ​က``ငါ​သည်​တစ်​ရပ်​တစ်​ကျေး​တွင် ဧည့်​သည်​ဖြစ်​ရ​ပါ​သည်'' ဟု​ဆို​၍​ထို​သား​ကို ဂေ​ရ​ရှုံ​ဟု​နာ​မည်​မှည့်​လေ​၏။

23. ကာ​လ​အ​တန်​ကြာ​သော် အီ​ဂျစ်​ပြည်​ဘု​ရင် အ​နိစ္စ​ရောက်​လေ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့် ညည်း​ညူ​လျက်​ရှိ​ရ​ကြ​သေး​၏။ ကျွန်​ခံ​ရ သော​ဘ​ဝ​မှ​လွတ်​မြောက်​ရေး​အ​တွက် သူ​တို့ အော်​ဟစ်​တောင်း​လျှောက်​သော​အ​သံ​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ရောက်​လေ​၏။-

24. ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ညည်း ညူ​သံ​ကို​ကြား​တော်​မူ​၍​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို သတိ​ရ​လျက်၊-

25. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ခံ​ရ​သော​ဒုက္ခ ဆင်း​ရဲ​ခြင်း​ကို ရှု​မြင်​သိ​မှတ်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 2