ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 2:1-6 Common Language Bible (BCL)

1. လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​သည် လေ​ဝိ အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​၍၊-

2. သား​တစ်​ယောက်​ကို​ရ​၏။ ထို​သား​သည်​ချစ်​ဖွယ် ကောင်း​သည်​ကို​မိ​ခင်​မြင်​လျှင်၊ သုံး​လ​ကြာ မျှ​ဝှက်​ထား​လေ​၏။-

3. မိ​ခင်​သည်​သား​ကို​ဆက်​လက်​၍​မ​ဝှက်​ထား နိုင်​တော့​သ​ဖြင့်၊ ကူ​ရိုး​များ​နှင့်​ခြင်း​တောင်း တစ်​လုံး​ကို​ရက်​လုပ်​၍၊ ကတ္တ​ရာ​နှင့်​သစ်​စေး သုတ်​ပြီး​နောက်၊ က​လေး​ကို​ခြင်း​ထဲ​၌​ထည့် ပြီး​လျှင်​မြစ်​ကမ်း​စပ်​ရှိ​ကိုင်း​တော​တွင်​ချ ထား​လေ​၏။-

4. ထို​သား​ငယ်​၏​အစ်​မ​သည်​မ​လှမ်း​မ​ကမ်း​နေ ရာ​မှ က​လေး​၏​အ​ရိပ်​အ​ခြေ​ကို​စောင့်​ကြည့် နေ​လေ​၏။

5. ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​သည်​ရေ​ချိုး​ရန် မြစ်​ထဲ​သို့​ဆင်း​လာ​စဉ်၊ သူ​၏​အ​ခြွေ​အ​ရံ​တို့ က​မြစ်​ကမ်း​ပေါ်​တွင်​လမ်း​လျှောက်​၍​စောင့်​ကြပ် နေ​ကြ​၏။ သ​မီး​တော်​သည်​ကိုင်း​တော​ထဲ​၌ ခြင်း​တောင်း​ကို​မြင်​လျှင်၊ ကျွန်​မ​တစ်​ယောက် ကို​လွှတ်​၍​ထို​ခြင်း​တောင်း​ကို​ယူ​ခဲ့​စေ​၏။-

6. ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​သည်​ခြင်း​တောင်း ကို​ဖွင့်​ကြည့်​သော​အ​ခါ၊ ငို​လျက်​နေ​သော​သူ ငယ်​ကို​မြင်​ရ​သော်​က​လေး​ကို​သ​နား​ကြင် နာ​၍``ဤ​က​လေး​သည်​ဟေ​ဗြဲ​အ​မျိုး​သား က​လေး​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 2