ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 18:20-25 Common Language Bible (BCL)

20. သင်​သည်​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​အ​မိန့် နှင့်​ပ​ညတ်​တော်​များ​ကို​သင်​ကြား​ပေး​၍ သူ တို့​မည်​ကဲ့​သို့​လိုက်​နာ​ကျင့်​သုံး​ရ​မည်​ကို ရှင်း​လင်း​ပေး​ခြင်း​မှာ​လည်း​ကောင်း​ပေ သည်။-

21. သို့​ရာ​တွင်​သင်​သည်​လူ​တစ်​ထောင်​စု၊ တစ်​ရာ​စု၊ ငါး​ဆယ်​စု၊ တစ်​ဆယ်​စု​တို့​ကို​ခေါင်း​ဆောင်​နိုင် မည့်​အ​ရည်​အ​ချင်း​ရှိ​သူ​များ​ကို​ရွေး​ချယ် ခန့်​ထား​သင့်​ပါ​သည်။ ထို​သူ​တို့​သည်​ဘု​ရား ကို​ကြောက်​ရွံ့​၍​ရိုး​သား​ဖြောင့်​မတ်​လျက် အ​ဂ​တိ​မလိုက်​စား​တတ်​သူ​များ​ဖြစ်​ရ ကြ​မည်။-

22. သူ​တို့​ကို​အ​မြဲ​တမ်း​တ​ရား​သူ​ကြီး​များ အ​ဖြစ် လူ​တို့​၏​အ​မှု​အ​ခင်း​များ​ကို​စီ​ရင် စေ​ရ​မည်။ သူ​တို့​သည်​ခက်​ခဲ​သော​အ​မှု​များ ကို​သင့်​ထံ​သို့​တင်​ပြ​၍ သေး​ငယ်​သော​အ​မှု များ​ကို​သူ​တို့​ကိုယ်​တိုင်​စီ​ရင်​ဆုံး​ဖြတ်​စေ ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည် သင်​၏ တာ​ဝန်​ကို​ခွဲ​ဝေ​ထမ်း​ဆောင်​ကြ​သော ကြောင့်​သင့်​အ​တွက်​သက်​သာ​လိမ့်​မည်။-

23. ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​နှင့်​အ​ညီ ဤ​နည်း​အ​တိုင်း​ဆောင်​ရွက်​လျှင် သင်​သည်​ပင် ပန်း​နွမ်း​ရိ​လိမ့်​မည်​မ​ဟုတ်။ ဤ​လူ​အ​ပေါင်း တို့​သည်​လည်း​အ​မှု​အ​ခင်း​များ​ပြီး​ပြတ် လျက် မိ​မိ​တို့​နေ​အိမ်​သို့​ပြန်​နိုင်​ကြ​လိမ့် မည်'' ဟု​အကြံ​ပေး​သည်။

24. မော​ရှေ​သည်​ယေ​သ​ရော​အ​ကြံ​ပေး​သည့် အ​တိုင်း လိုက်​နာ​ဆောင်​ရွက်​လေ​၏။-

25. သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အ​ထဲ​မှ အ​ရည်​အ​ချင်း​ပြည့်​စုံ​သူ​တို့​ကို ရွေး​၍​လူ​တစ်​ထောင်​စု၊ တစ်​ရာ​စု၊ ငါး​ဆယ်​စု၊ တစ်​ဆယ်​စု​တို့​တွင်​ခေါင်း​ဆောင်​များ​အ​ဖြစ် ခန့်​ထား​လေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 18