ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 18:1-9 Common Language Bible (BCL)

1. မိ​ဒျန်​ပြည်​မှ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သူ​မော​ရှေ ၏​ယောက္ခ​မ​ယေ​သ​ရော​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ ခဲ့​စဉ်​က မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ထာ​ဝ​ရ​ဘု​ရား​မည်​ကဲ့​သို့​ကျေး​ဇူး ပြု​တော်​မူ​ကြောင်း​ကို​ကြား​သိ​ရ​၏။-

2-3. သို့​ဖြစ်​၍​သူ​သည်​ယောက္ခ​မ​အိမ်​သို့​ဇ​နီး​ဇိ​ပေါ​ရ ကို​စေ​လွှတ်​ခဲ့​ရာ ယေ​သ​ရော​သည်​ဇိ​ပေါ​ရ​နှင့် သား​နှစ်​ယောက်​ဖြစ်​သော ဂေ​ရ​ရှုံ​နှင့်​ဧ​လျေ​ဇာ တို့​ကို​လက်​ခံ​၏။ (မော​ရှေ​က``ငါ​သည်​နိုင်​ငံ​ခြား ၌​ဧည့်​သည်​ဖြစ်​သည်'' ဟု​ဆို​၍​သား​တစ်​ယောက် ကို​ဂေ​ရ​ရှုံ​ဟု​နာ​မည်​ပေး​ခဲ့​၏။-

4. တစ်​ဖန်``ငါ့​အ​ဖ​၏​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ ကို​အီ​ဂျစ်​ဘု​ရင်​၏​ဋ္ဌား​ဘေး​မှ​ကယ်​တင်​တော် မူ​၏'' ဟု​ဆို​၍​အ​ခြား​သော​သား​တစ်​ယောက် ကို​ဧ​လျေ​ဇာ​ဟု​နာ​မည်​ပေး​ခဲ့​၏။-)

5. ယေ​သ​ရော​သည်​မော​ရှေ​၏​ဇ​နီး​နှင့်​သား များ​တို့​ကို တော​ကန္တာ​ရ​ရှိ​ထာ​ဝ​ရ​ဘု​ရား ၏​တောင်​တွင်​စ​ခန်း​ချ​လျက်​ရှိ​သော​မော​ရှေ ထံ​သို့​ခေါ်​ဆောင်​လာ​၏။-

6. သူ​သည်​မော​ရှေ​၏​ဇ​နီး​နှင့်​သား​နှစ်​ယောက် တို့​နှင့်​အ​တူ လာ​ရောက်​မည်​ဖြစ်​ကြောင်း မော​ရှေ​ထံ​သ​တင်း​ပို့​ခဲ့​၏။-

7. သို့​ဖြစ်​၍​မော​ရှေ​သည်​ထွက်​လာ​၍​ယောက္ခ​မ ကို​ဦး​ညွှတ်​လျက်​နမ်း​ရှုပ်​ကြို​ဆို​လေ​၏။ သူ တို့​အ​ချင်း​ချင်း​နှုတ်​ခွန်း​ဆက်​ကြ​ပြီး နောက်​မော​ရှေ​၏​တဲ​ထဲ​သို့​ဝင်​ကြ​၏။-

8. မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ကယ်​တင်​ရန်​အ​လို့​ငှါ အီ​ဂျစ်​ဘု​ရင်​နှင့်​အီ​ဂျစ်​အ​မျိုး​သား​တို့ အ​ပေါ်​ပြု​တော်​မူ​ပုံ​အ​ကြောင်း​အ​ရာ​အား​လုံး ကို ယေ​သ​ရော​အား​ပြော​ပြ​၏။ ထို့​အ​ပြင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရင်​ဆိုင်​ခဲ့​ရ သော​အ​ခက်​အ​ခဲ​များ​နှင့်​တ​ကွ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ကယ်​တင်​ခဲ့​ကြောင်း​ကို​ပြော​ပြ​၏။-

9. ယေ​သ​ရော​သည်​အီ​ဂျစ်​အ​မျိုး​သား​များ လက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​ခဲ့​သည့် သ​တင်း​ကို​ကြား​ရ​လျှင် အ​လွန်​ဝမ်း​သာ အား​ရ​ဖြစ်​လေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 18