ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 16:25-32 Common Language Bible (BCL)

25. မော​ရှေ​က``ယ​နေ့​သည်​သင်​တို့​အ​လုပ်​မှ​ရပ် နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ် သော​ဥ​ပုသ်​နေ့​ဖြစ်​သ​ဖြင့် ယ​မန်​နေ့​က​ချန် ထား​သော​စား​စ​ရာ​ကို​စား​ကြ​လော့။ စ​ခန်း အ​ပြင်​ဘက်​၌​စား​စ​ရာ​ရှာ​တွေ့​နိုင်​မည် မ​ဟုတ်။-

26. ထို့​ကြောင့်​သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး မုန့်​ကို​စု​သိမ်း​ရ​မည်။ နား​ရက်​ဖြစ်​သော​သတ္တမ နေ့​တွင်​စား​စ​ရာ​ရ​ရှိ​နိုင်​မည်​မ​ဟုတ်'' ဟု ဆို​လေ​၏။

27. သတ္တ​မ​နေ့​တွင်​အ​ချို့​သော​သူ​တို့​သည် မုန့် ထွက်​ရှာ​ကြ​သော်​လည်း​မ​တွေ့​ရ​ချေ။-

28. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် တို့​သည် ငါ​၏​ပ​ညတ်​များ​ကို​မည်​မျှ​လောက် ကြာ​အောင်​မ​လိုက်​နာ​ဘဲ​နေ​ကြ​မည်​နည်း။-

29. ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​နား​ရက် ကို​ပေး​ပြီ။ သို့​ဖြစ်​၍​ဆ​ဋ္ဌ​မ​နေ့​တွင်​နှစ်​ရက် စာ​မုန့်​ကို​သင်​တို့​အား​ငါ​ပေး​မည်။ သတ္တမ​နေ့ တွင်​လူ​တိုင်း​မိ​မိ​ရှိ​ရာ​အ​ရပ်​၌​နေ​ရ​မည်။ မည်​သူ​မျှ​အိမ်​မှ​မ​ထွက်​ခွာ​ရ'' ဟု​မိန့်​တော် မူ​၏။-

30. ထို​ကြောင့်​လူ​တို့​သည်​သတ္တမ​နေ့​တွင်​အ​လုပ်​မှ ရပ်​နား​ကြ​၏။

31. ဣသ​ရေ​လ​အ​မျိုး​သား​တို့​က ထို​စား​စ​ရာ ကို​မန္န​မုန့်​ဟူ​၍​နာ​မည်​မှည့်​ခေါ်​ကြ​၏။ ထို မုန့်​သည်​နံ​နံ​စေ့​နှင့်​တူ​၏။ အ​ရောင်​ဖြူ​၍ ပျား​ရည်​နှင့်​လုပ်​သော​မုန့်​ချပ်​ကဲ့​သို့​အ​ရ သာ​ရှိ​၏။-

32. မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ရာ​၌ တော​ကန္တာ​ရ တွင်​ငါ​တို့​အား​ကျွေး​မွေး​တော်​မူ​သော​မန္န မုန့်​ကို ငါ​တို့​၏​နောင်​လာ​နောက်​သား​များ တွေ့​မြင်​နိုင်​စေ​ရန် မန္န​မုန့်​အ​နည်း​ငယ်​ကို သိမ်း​ဆည်း​ထား​ရ​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်'' ဟု​ဆို​လေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 16