ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 16:15-28 Common Language Bible (BCL)

15. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ချပ် က​လေး​များ​ကို​မြင်​လျှင် မည်​သည့်​အ​ရာ ဖြစ်​ကြောင်း​မ​သိ​သ​ဖြင့်``ဤ​အ​ရာ​ဘာ လဲ'' ဟူ​၍​အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။မော​ရှေ​က​သူ​တို့​အား``ဤ​အ​ရာ​သည်​ကား ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​စား​ရန်​ပေး​သော မုန့်​ဖြစ်​၏။-

16. လူ​တိုင်း​မိ​မိ​လို​သ​မျှ​ကို​စု​သိမ်း​ရ​မည်။ လူ တစ်​ဦး​စီ​က မိ​မိ​အိမ်​၌​ရှိ​သ​မျှ​သော​သူ အား​လုံး​တို့​အ​တွက် တစ်​ယောက်​လျှင်​တစ်​ပြည် ကျ​စု​သိမ်း​ရ​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်'' ဟု​ဆို​လေ​၏။

17. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​မိန့် တော်​အ​တိုင်း​စု​သိမ်း​ကြ​ရာ​၌​အ​ချို့​တို့ က​ပို​၍​လည်း​ကောင်း၊ အ​ချို့​တို့​က​လျော့ ၍​လည်း​ကောင်း​စု​သိမ်း​ကြ​၏။-

18. သို့​ရာ​တွင်​တောင်း​နှင့်​ခြင်​ကြည့်​သော​အ​ခါ ပို ၍​စု​သိမ်း​သူ​က​များ​များ​မ​ပို၊ လျော့​၍​စု သိမ်း​သူ​လည်း​များ​များ​မ​လျော့​ဘဲ​ရ​ရှိ ကြ​၏။ အ​သီး​သီး​မိ​မိ​လို​သ​မျှ​စု​သိမ်း ရ​ရှိ​လေ​၏။-

19. မော​ရှေ​က​သူ​တို့​အား``မည်​သူ​မျှ​နက်​ဖြန် နေ့​အ​တွက်​ချန်​မ​ထား​ရ'' ဟု​မှာ​ကြား​၏။-

20. သို့​သော်​လည်း​အ​ချို့​သော​သူ​တို့​သည်​မော​ရှေ ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ မုန့်​အ​ချို့​ကို နောက်​တစ်​နေ့​အ​ထိ​ချန်​ထား​ကြ​၏။ နောက် တစ်​နေ့​နံ​နက်​တွင်​ထို​မုန့်​၌​ပိုး​ကျ​၍​ပုပ် သိုး​သွား​၏။ သို့​ဖြစ်​၍​မော​ရှေ​သည်​ထို​သူ တို့​အား​အ​မျက်​ထွက်​၏။-

21. နံ​နက်​တိုင်း​သူ​တို့​သည်​မိ​မိ​တို့​တစ်​ဦး​စီ​လို သ​မျှ​မုန့်​ကို​စု​သိမ်း​ကြ​၏။ နေ​ပူ​လာ​သော အ​ခါ​မြေ​ပြင်​ပေါ်​တွင်​ကျန်​ရှိ​သော​မုန့်​တို့ သည်​အ​ရည်​ပျော်​ကုန်​၏။

22. ဆ​ဋ္ဌ​မ​နေ့​တွင်​သူ​တို့​သည်​တစ်​ဦး​လျှင် နှစ် ပြည်​ကျ​ဖြင့်​ရိက္ခာ​နှစ်​ဆ​စု​သိမ်း​ရ​ကြ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ခေါင်း​ဆောင် အား​လုံး​တို့​က ထို​အ​ကြောင်း​ကို​မော​ရှေ အား​ပြော​ပြ​ကြ​သော​အ​ခါ၊-

23. မော​ရှေ​က``နက်​ဖြန်​နေ့​သည်​သင်​တို့​အ​လုပ် မှ​ရပ်​နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဆက်​ကပ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်။ ယ​နေ့ တွင်​မုန့်​ဖုတ်​စ​ရာ​ရှိ​သည်​ကို​ဖုတ်​လော့။ ချက် ပြုတ်​စ​ရာ​ရှိ​သည်​ကို​ချက်​ပြုတ်​လော့။ ယ​နေ့ စား​ပြီး​နောက်​ကျန်​ရှိ​သ​မျှ​ကို​နက်​ဖြန်​နေ့ အ​တွက်​ချန်​ထား​လော့။ ဤ​သို့​ပြု​လုပ်​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်'' ဟု ဆို​လေ​၏။-

24. သူ​တို့​သည်​မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း စား​စ​ရာ​ကို နက်​ဖြန်​နေ့​အ​ထိ​ချန်​ထား ရာ​ပိုး​မ​ကျ၊ မ​ပုပ်​သိုး​ဘဲ​ရှိ​လေ​၏။-

25. မော​ရှေ​က``ယ​နေ့​သည်​သင်​တို့​အ​လုပ်​မှ​ရပ် နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ် သော​ဥ​ပုသ်​နေ့​ဖြစ်​သ​ဖြင့် ယ​မန်​နေ့​က​ချန် ထား​သော​စား​စ​ရာ​ကို​စား​ကြ​လော့။ စ​ခန်း အ​ပြင်​ဘက်​၌​စား​စ​ရာ​ရှာ​တွေ့​နိုင်​မည် မ​ဟုတ်။-

26. ထို့​ကြောင့်​သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး မုန့်​ကို​စု​သိမ်း​ရ​မည်။ နား​ရက်​ဖြစ်​သော​သတ္တမ နေ့​တွင်​စား​စ​ရာ​ရ​ရှိ​နိုင်​မည်​မ​ဟုတ်'' ဟု ဆို​လေ​၏။

27. သတ္တ​မ​နေ့​တွင်​အ​ချို့​သော​သူ​တို့​သည် မုန့် ထွက်​ရှာ​ကြ​သော်​လည်း​မ​တွေ့​ရ​ချေ။-

28. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် တို့​သည် ငါ​၏​ပ​ညတ်​များ​ကို​မည်​မျှ​လောက် ကြာ​အောင်​မ​လိုက်​နာ​ဘဲ​နေ​ကြ​မည်​နည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 16