ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 14:7-16 Common Language Bible (BCL)

7. သူ​သည်​တပ်​မှူး​များ​ဦး​စီး​သော​လက်​ရွေး စင်​စစ်​ရ​ထား​ခြောက်​ရာ​အ​ပါ​အ​ဝင် စစ် ရ​ထား​အား​လုံး​ကို​စု​ရုံး​ချီ​တက်​စေ​၏။-

8. ထာ​ဝ​ရ​ဘု​ရား​သည်​ဘုရင်​ကို​ခေါင်း​မာ​စေ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက် သို့​လိုက်​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဝင့်​ကြွား​စွာ​ဖြင့်​ထွက်​ခွာ​လျက်​ရှိ ကြ​၏။-

9. ဘု​ရင်​၏​စစ်​တပ်၊ ရ​ထား​တပ်၊ မြင်း​တပ်​တို့ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​နောက် သို့​လိုက်​ကြ​ရာ​တွင် ဗာ​လ​ဇေ​ဖုန်​မြို့​နှင့် ပိ​ဟ​ဟိ​ရုတ်​မြို့​အ​နီး​ပင်​လယ်​နီ​ကမ်း​နား ၌​စ​ခန်း​ချ​လျက်​ရှိ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​မီ​လေ​၏။

10. အီ​ဂျစ်​ဘု​ရင်​၏​စစ်​တပ်​ချီ​တက်​လာ​သည်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြင်​ရ​သော​အ​ခါ အ​လွန်​ကြောက်​ရွံ့​၍​ထာ​ဝ​ရ​ဘု​ရား​အား ကယ်​မ​တော်​မူ​ရန်​အော်​ဟစ်​တောင်း​ပန်​ကြ​၏။-

11. သူ​တို့​က​မော​ရှေ​အား``အီ​ဂျစ်​ပြည်​တွင် သင်္ချိုင်း မ​ရှိ​သော​ကြောင့် တော​ကန္တာ​ရ​ထဲ​၌​သေ​စေ ရန်​အ​ကျွန်ုပ်​တို့​ကို​ခေါ်​ဆောင်​ခဲ့​ပါ​သ​လော။ အ​ကျွန်ုပ်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​သော​ကြောင့် ယ​ခု​မည်​ကဲ့​သို့​သော​အ​ခြေ အ​နေ​မျိုး​သို့​ဆိုက်​ရောက်​ကာ​နေ​သည်​ကို ကြည့်​ပါ​လော့။-

12. အ​ကျွန်ုပ်​တို့​သည်​ထွက်​မ​လာ​မီ​က ဤ​ကဲ့ သို့​ဖြစ်​မည်​ဟု​ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ အ​ကျွန်ုပ်​တို့​က`အီ​ဂျစ်​အ​မျိုး​သား​တို့​ထံ​၌ ကျွန်​ခံ​မြဲ​ကျွန်​ခံ​နေ​ပါ​ရ​စေ' ဟု​ပြော​ပါ သည်။ ဤ​တော​ကန္တာ​ရ​ထဲ​၌​သေ​ရ​သည်​ထက် ကျွန်​ခံ​နေ​ရ​ခြင်း​က​သာ​၍​ကောင်း​ပါ​သည်'' ဟု​ပြော​လေ​၏။

13. ထို​အ​ခါ​မော​ရှေ​က``မ​ကြောက်​ကြ​နှင့်။ ကြံ့ ကြံ့​ခိုင်​ခိုင်​ရှိ​စေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား သည်​ယ​နေ့​တွင် သင်​တို့​အား​မည်​ကဲ့​သို့​ကယ် တင်​တော်​မူ​မည်​ကို​မြင်​ရ​လိမ့်​မည်။ သင်​တို့ ယ​နေ့​မြင်​ရ​သော​အီ​ဂျစ်​အ​မျိုး​သား​တို့ ကို နောင်​မည်​သည့်​အ​ခါ​မျှ​မြင်​ရ​လိမ့်​မည် မ​ဟုတ်။-

14. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​စစ် တိုက်​တော်​မူ​လိမ့်​မည်။ စိတ်​မ​ပူ​ကြ​နှင့်'' ဟု ပြန်​ပြော​လေ​၏။

15. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အ​ဘယ် ကြောင့်​သင်​တို့​ဟစ်​အော်​နေ​ကြ​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ရှေ့​သို့ ချီ​တက်​စေ​လော့။-

16. သင်​၏​တောင်​ဝှေး​ကို​ကိုင်​၍​ပင်​လယ်​ပေါ်​တွင် လက်​ကို​ဆန့်​လော့။ ထို​အ​ခါ​ပင်​လယ်​ရေ​သည် နှစ်​ခြမ်း​ကွဲ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ခြောက်​သွေ့​သော​မြေ​ပေါ်​မှာ​ဖြတ် ၍​လျှောက်​သွား​ရ​ကြ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 14