ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 14:23-31 Common Language Bible (BCL)

23. အီ​ဂျစ်​ဘု​ရင်​၏​စစ်​တပ်၊ ရ​ထား​တပ်၊ မြင်း​တပ် တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက် သို့​ဆင်း​လိုက်​ကြ​၏။-

24. နံ​နက်​အ​ရုဏ်​မ​တက်​မီ​အ​ချိန်​တွင် ထာ​ဝ​ရ ဘု​ရား​သည်​မီး​တိုင်​နှင့်​မိုး​တိမ်​တိုင်​တို့​မှ​နေ ၍ အီ​ဂျစ်​စစ်​တပ်​ကို​ကြည့်​ရှု​တော်​မူ​ပြီး လျှင်​သူ​တို့​ကို​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ​တော်​မူ​၏။-

25. ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရ​ထား​ဘီး များ​ကို​ကျွတ်​ထွက်​စေ​တော်​မူ​သ​ဖြင့် သူ​တို့ ၏​ရ​ထား​များ​ကို​အ​သွား​ရ​ခက်​စေ​တော် မူ​၏။ ထို့​ကြောင့်​အီ​ဂျစ်​အ​မျိုး​သား​တို့​က``ထာ ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​နေ​၍ ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက် ရှိ​တော်​မူ​၏။ ထွက်​ပြေး​ကြ​စို့'' ဟု​ဆို​ကြ​၏။

26. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင်​၏​လက် ကို​ပင်​လယ်​ပေါ်​သို့​ဆန့်​၍ အီ​ဂျစ်​အ​မျိုး​သား နှင့်​သူ​တို့​၏​ရ​ထား​တပ်၊ မြင်း​တပ်​တို့​အ​ပေါ် သို့​ရေ​ပြန်​၍​စီး​စေ​လော့'' ဟု​မိန့်​တော်​မူ​၏။-

27. သို့​ဖြစ်​၍​မော​ရှေ​သည်​ပင်​လယ်​ပေါ်​သို့​လက် ကို​ဆန့်​သ​ဖြင့် နံ​နက်​မိုး​လင်း​သည့်​အ​ခါ​ရေ သည်​ပုံ​မှန်​အ​တိုင်း​ပြန်​လည်​စီး​လေ​၏။ ရေ ပြန်​တက်​လာ​စဉ်​အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ထွက်​ပြေး​ကြ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​အား​ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ တော်​မူ​၏။-

28. ရေ​သည်​ပုံ​မှန်​အ​တိုင်း​ပြန်​စီး​သ​ဖြင့်​ပင် လယ်​ထဲ​သို့​ဆင်း​လိုက်​လာ​ကြ​သော​ရ​ထား တပ်၊ မြင်း​တပ်​နှင့်​အီ​ဂျစ်​ဘု​ရင်​၏​တပ်​အား လုံး​တို့​သည်​တစ်​ယောက်​မျှ​မ​ကျန်​ရေ​နစ်​၍ သေ​ကုန်​ကြ​၏။-

29. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား တစ်​ဘက် တစ်​ချက်​ရှိ​ရေ​တံ​တိုင်း​နှစ်​ခု​အ​ကြား​ခြောက် သွေ့​သော​မြေ​ပေါ်​မှာ လျှောက်​၍​ပင်​လယ်​ကို ဖြတ်​ကူး​ခဲ့​ရ​ကြ​လေ​၏။

30. ထို​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​အ​မျိုး​သား​တို့ ၏​လက်​မှ​ကယ်​တင်​တော်​မူ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အီ​ဂျစ်​အ​မျိုး​သား​တို့ ၏​အ​လောင်း​များ​ကို​ပင်​လယ်​ကမ်း​ပေါ်​၌ အ​တုံး​အ​ရုံး​ရှိ​သည်​ကို​တွေ့​မြင်​ကြ လေ​၏။-

31. သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​က​အ​နန္တ တန်​ခိုး​တော်​ဖြင့် အီ​ဂျစ်​အ​မျိုး​သား​တို့ အား​နှိမ်​နင်း​လိုက်​သည်​ကို​တွေ့​မြင်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​လာ ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​နှင့်​ထာ​ဝ​ရ ဘု​ရား​၏​ကျွန်​မော​ရှေ​တို့​ကို​ယုံ​ကြည် ကိုး​စား​လာ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 14