ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 14:1-2-12 Common Language Bible (BCL)

1-2. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ပြန်​လှည့်​၍ ဗာ​လ​ဇေ​ဖုန် မြို့​အ​နီး​မိ​ဂ​ဒေါ​လ​မြို့​နှင့်​ပင်​လယ်​နီ​စပ် ကြား​ရှိ​ပိ​ဟ​ဟိ​ရုတ်​မြို့​ရှေ့​တွင်​စ​ခန်း​ချ ရန်​ပြော​လော့။-

3. အီ​ဂျစ်​ဘု​ရင်​က`ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် တော​ကန္တာ​ရ​ဝန်း​ရံ​လျက်​ရှိ​သော အ​ရပ်​တွင်​လှည့်​လည်​လျက်​ရှိ​ကြ​သည်' ဟု ထင်​လိမ့်​မည်။-

4. ငါ​သည်​အီ​ဂျစ်​ဘု​ရင်​ကို​ခေါင်း​မာ​စေ​သ​ဖြင့် သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​လိုက် လံ​တိုက်​ခိုက်​လိမ့်​မည်။ ငါ​သည်​ဘု​ရင်​နှင့်​သူ ၏​စစ်​တပ်​ကို​နှိမ်​နင်း​သ​ဖြင့် ငါ​၏​ဘုန်း​ထင်​ရှား လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​အ​မျိုး​သား​တို့​က ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​သိ​မြင် လာ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​ဆောင်​ရွက်​ကြ​၏။

5. အီ​ဂျစ်​ဘု​ရင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ပြေး​ကုန်​ကြ​ပြီ​ဖြစ်​ကြောင်း​ကြား​သိ​ရ သော​အ​ခါ သူ​နှင့်​သူ​၏​မှူး​မတ်​တို့​သည်​စိတ် သ​ဘော​ထား​ပြောင်း​လဲ​၍``ငါ​တို့​သည်​ငါ​တို့ ၏​အ​စေ​ခံ​ကျွန်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို လွတ်​မြောက်​ထွက်​ပြေး​သွား​စေ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။-

6. အီ​ဂျစ်​ဘု​ရင်​သည်​မိ​မိ​၏​စစ်​ရ​ထား​နှင့် စစ်​တပ်​ကို​အ​သင့်​ပြင်​စေ​၏။-

7. သူ​သည်​တပ်​မှူး​များ​ဦး​စီး​သော​လက်​ရွေး စင်​စစ်​ရ​ထား​ခြောက်​ရာ​အ​ပါ​အ​ဝင် စစ် ရ​ထား​အား​လုံး​ကို​စု​ရုံး​ချီ​တက်​စေ​၏။-

8. ထာ​ဝ​ရ​ဘု​ရား​သည်​ဘုရင်​ကို​ခေါင်း​မာ​စေ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက် သို့​လိုက်​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဝင့်​ကြွား​စွာ​ဖြင့်​ထွက်​ခွာ​လျက်​ရှိ ကြ​၏။-

9. ဘု​ရင်​၏​စစ်​တပ်၊ ရ​ထား​တပ်၊ မြင်း​တပ်​တို့ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​နောက် သို့​လိုက်​ကြ​ရာ​တွင် ဗာ​လ​ဇေ​ဖုန်​မြို့​နှင့် ပိ​ဟ​ဟိ​ရုတ်​မြို့​အ​နီး​ပင်​လယ်​နီ​ကမ်း​နား ၌​စ​ခန်း​ချ​လျက်​ရှိ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​မီ​လေ​၏။

10. အီ​ဂျစ်​ဘု​ရင်​၏​စစ်​တပ်​ချီ​တက်​လာ​သည်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြင်​ရ​သော​အ​ခါ အ​လွန်​ကြောက်​ရွံ့​၍​ထာ​ဝ​ရ​ဘု​ရား​အား ကယ်​မ​တော်​မူ​ရန်​အော်​ဟစ်​တောင်း​ပန်​ကြ​၏။-

11. သူ​တို့​က​မော​ရှေ​အား``အီ​ဂျစ်​ပြည်​တွင် သင်္ချိုင်း မ​ရှိ​သော​ကြောင့် တော​ကန္တာ​ရ​ထဲ​၌​သေ​စေ ရန်​အ​ကျွန်ုပ်​တို့​ကို​ခေါ်​ဆောင်​ခဲ့​ပါ​သ​လော။ အ​ကျွန်ုပ်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​သော​ကြောင့် ယ​ခု​မည်​ကဲ့​သို့​သော​အ​ခြေ အ​နေ​မျိုး​သို့​ဆိုက်​ရောက်​ကာ​နေ​သည်​ကို ကြည့်​ပါ​လော့။-

12. အ​ကျွန်ုပ်​တို့​သည်​ထွက်​မ​လာ​မီ​က ဤ​ကဲ့ သို့​ဖြစ်​မည်​ဟု​ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ အ​ကျွန်ုပ်​တို့​က`အီ​ဂျစ်​အ​မျိုး​သား​တို့​ထံ​၌ ကျွန်​ခံ​မြဲ​ကျွန်​ခံ​နေ​ပါ​ရ​စေ' ဟု​ပြော​ပါ သည်။ ဤ​တော​ကန္တာ​ရ​ထဲ​၌​သေ​ရ​သည်​ထက် ကျွန်​ခံ​နေ​ရ​ခြင်း​က​သာ​၍​ကောင်း​ပါ​သည်'' ဟု​ပြော​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 14