ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 14:16-25 Common Language Bible (BCL)

16. သင်​၏​တောင်​ဝှေး​ကို​ကိုင်​၍​ပင်​လယ်​ပေါ်​တွင် လက်​ကို​ဆန့်​လော့။ ထို​အ​ခါ​ပင်​လယ်​ရေ​သည် နှစ်​ခြမ်း​ကွဲ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ခြောက်​သွေ့​သော​မြေ​ပေါ်​မှာ​ဖြတ် ၍​လျှောက်​သွား​ရ​ကြ​မည်။-

17. ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ကို​ခေါင်း မာ​စေ​သ​ဖြင့် သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နောက်​သို့​ဆင်း​လိုက်​ကြ လိမ့်​မည်။ ငါ​သည်​ဘု​ရင်​နှင့်​တ​ကွ​သူ​၏ စစ်​တပ်၊ ရ​ထား​တပ်​နှင့်​မြင်း​တပ်​တို့​ကို နှိမ်​နင်း​အောင်​မြင်​ခြင်း​အား​ဖြင့် ငါ​၏ ဘုန်း​ထင်​ရှား​လိမ့်​မည်။-

18. ထို​သို့​ဘု​ရင်​နှင့်​သူ​၏​တပ်​ကို​နှိမ်​နင်း​အောင် မြင်​သ​ဖြင့် ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ကြောင်း​အီ​ဂျစ်​အ​မျိုး​သား​တို့​သိ​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

19. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ရှေ့​က​ကြွ သွား​သော ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန် သည်​အ​နောက်​ဘက်​သို့​နေ​ရာ​ပြောင်း​၍​လိုက် ပါ​လာ​၏။ သူ​တို့​၏​အ​ရှေ့​၌​ရှိ​သော​မိုး​တိမ် တိုင်​သည်​လည်း အ​နောက်​ဘက်​သို့​နေ​ရာ ပြောင်း​သ​ဖြင့်၊-

20. အီ​ဂျစ်​တပ်​နှင့်​ဣသ​ရေ​လ​တပ်​တို့​အ​ကြား သို့​ရောက်​ရှိ​လေ​၏။ မိုး​တိမ်​တိုင်​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​ဘက်​တွင်​အ​မှောင်​ကျ​စေ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘက်​တွင်​မူ အ​လင်း​ရောင်​ရ​စေ​၏။ သို့​ဖြစ်​၍​ထို​ည တစ်​ည​လုံး​တစ်​တပ်​နှင့်​တစ်​တပ်​မ​ချဉ်း ကပ်​နိုင်​ကြ​ချေ။

21. မော​ရှေ​သည်​ပင်​လယ်​ပေါ်​သို့​လက်​ကို​ဆန့် လိုက်​ရာ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​ဘက် မှ​လေ​ပြင်း​ကို​တစ်​ည​လုံး​တိုက်​ခတ်​စေ သ​ဖြင့် ပင်​လယ်​ရေ​ကွဲ​၍​အောက်​ခြေ​၌ ခြောက်​သွေ့​သော​မြေ​ပေါ်​စေ​တော်​မူ​၏။-

22. ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရေ​တံ​တိုင်း​နှစ်​ခု​အ​ကြား​ခြောက်​သွေ့​သော မြေ​ပေါ်​မှာ​လျှောက်​၍​ပင်​လယ်​ကို​ဖြတ်​၍ သွား​ကြ​လေ​၏။-

23. အီ​ဂျစ်​ဘု​ရင်​၏​စစ်​တပ်၊ ရ​ထား​တပ်၊ မြင်း​တပ် တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက် သို့​ဆင်း​လိုက်​ကြ​၏။-

24. နံ​နက်​အ​ရုဏ်​မ​တက်​မီ​အ​ချိန်​တွင် ထာ​ဝ​ရ ဘု​ရား​သည်​မီး​တိုင်​နှင့်​မိုး​တိမ်​တိုင်​တို့​မှ​နေ ၍ အီ​ဂျစ်​စစ်​တပ်​ကို​ကြည့်​ရှု​တော်​မူ​ပြီး လျှင်​သူ​တို့​ကို​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ​တော်​မူ​၏။-

25. ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရ​ထား​ဘီး များ​ကို​ကျွတ်​ထွက်​စေ​တော်​မူ​သ​ဖြင့် သူ​တို့ ၏​ရ​ထား​များ​ကို​အ​သွား​ရ​ခက်​စေ​တော် မူ​၏။ ထို့​ကြောင့်​အီ​ဂျစ်​အ​မျိုး​သား​တို့​က``ထာ ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​နေ​၍ ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက် ရှိ​တော်​မူ​၏။ ထွက်​ပြေး​ကြ​စို့'' ဟု​ဆို​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 14