ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 13:11-17 Common Language Bible (BCL)

11. ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်​သင်​တို့​၏​ဘိုး ဘေး​တို့​အား​ပေး​မည်​ဟု ခိုင်​မြဲ​သော​က​တိ​သစ္စာ ထား​သော​ခါ​နာန်​ပြည်​သို့​သင်​တို့​ကို​ပို့​ဆောင် လိမ့်​မည်။ ထို​ပြည်​သို့​ရောက်​သော​အ​ခါ၊-

12. သင်​တို့​၌​ဖွား​မြင်​သော​သား​ဦး​မှန်​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။ သင်​တို့ ၏​တိ​ရစ္ဆာန်​များ​မှ သား​ဦး​ပေါက်​အ​ထီး​မှန် သ​မျှ​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော် မူ​၏။-

13. သို့​ရာ​တွင်​သား​ဦး​ပေါက်​မြည်း​အ​ထီး​ကို​သိုး က​လေး​နှင့်​လဲ​၍​ရွေး​ယူ​ရ​မည်။ ထို​သို့​လဲ​၍ မ​ရွေး​ယူ​လို​လျှင် မြည်း​က​လေး​၏​လည်​ပင်း ကို​ချိုး​ရ​မည်။ သင်​တို့​၏​သား​ဦး​ယောကျာ်း​မှန် သ​မျှ​ကို​ပြန်​၍​ရွေး​ယူ​ကြ​ရ​မည်။-

14. နောင်​အ​ခါ​၌​သင်​၏​သား​က`အ​ဘယ်​ကြောင့်​ဤ သို့​ပြု​လုပ်​ရ​ပါ​သ​နည်း' ဟု​မေး​လျှင်`ထာ​ဝ​ရ ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​တော် မူ​၏။-

15. အီ​ဂျစ်​ဘု​ရင်​သည်​ခေါင်း​မာ​၍​ငါ​တို့​အား သွား​ခွင့်​မ​ပေး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​အီ​ဂျစ်​ပြည်​၌​ရှိ​သော​လူ​နှင့်​တိ​ရစ္ဆာန် တို့​၏​သား​ဦး​ပေါက်​မှန်​သ​မျှ​တို့​ကို​သေ ဒဏ်​စီ​ရင်​တော်​မူ​၏။ ထို​အ​ကြောင်း​ကြောင့် ငါ​တို့​သည်​တိ​ရစ္ဆာန်​သား​ဦး​ပေါက်​မှန်​သ​မျှ ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရ​၏။ သို့​သော်​လည်း​ငါ​တို့​၏​သား​ဦး​များ​ကို ပြန်​၍​ရွေး​ယူ​ကြ​သည်။-

16. ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော် ဖြင့် ငါ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့ ခြင်း​ကြောင့် ဤ​ပွဲ​တော်​သည်​သင်​၏​လက်​သို့ မ​ဟုတ်​သင်​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော အ​မှတ်​လက္ခ​ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ ရ​စေ​လိမ့်​မည်' ဟု​ပြန်​ပြော​ရ​မည်'' ဟူ​၍ ပြော​ဆို​လေ​၏။

17. အီ​ဂျစ်​ဘု​ရင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​အား​ထွက်​ခွင့်​ပြု​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ဖိ​လိတ္တိ​မြို့​သို့​သွား​သော​ပင် လယ်​ကမ်း​ခြေ​ဖြတ်​လမ်း​ဖြင့် သူ​တို့​ကို​ပို့ ဆောင်​တော်​မ​မူ။ သူ​တို့​သည်​စစ်​ပွဲ​တိုက်​ရ​မည် ကို​သိ​မြင်​လျှင်​စိတ်​ပြောင်း​၍ အီ​ဂျစ်​ပြည် သို့​ပြန်​သွား​ကြ​မည်​ဖြစ်​ကြောင်း​ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 13