ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 12:4-9 Common Language Bible (BCL)

4. အ​ကယ်​၍​မိ​မိ​၏​မိ​သား​စု​သည်​သိုး​က​လေး တစ်​ကောင် သို့​မ​ဟုတ်​ဆိတ်​က​လေး​တစ်​ကောင် လုံး​ကို​စား​၍​မ​ကုန်​နိုင်​လျှင် အိမ်​နီး​ချင်း မိ​သား​စု​နှင့်​ပေါင်း​စပ်​၍​လူ​တစ်​ယောက်​စား နိုင်​သ​မျှ စား​မည့်​သူ​ဦး​ရေ​ကို​တွက်​ချက် ကာ​တိ​ရစ္ဆာန်​တစ်​ကောင်​ကို​စား​သုံး​ရ​မည်။-

5. သင်​တို့​သည်​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို​ရွေး​ယူ နိုင်​သည်၊ သို့​သော်​ထို​တိ​ရစ္ဆာန်​သည်​အ​ပြစ်​အ​နာ ကင်း​သော​တစ်​နှစ်​သား​အ​ထီး​ဖြစ်​ရ​မည်။-

6. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​သား​ကောင် များ​ကို​ထိန်း​ကျောင်း​ထား​ပြီး​လျှင် ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့​ည​ဦး​ပိုင်း​၌​ယင်း​သား ကောင်​တို့​ကို​သတ်​ရ​မည်။-

7. ထို​နောက်​အ​သား​ကို​စား​သုံး​သူ​များ​နေ​ထိုင် ရာ​အိမ်​၏​တံ​ခါး​ထုပ်​နှင့်​တံ​ခါး​တိုင်​နှစ်​တိုင် တို့​တွင် ထို​သား​ကောင်​၏​သွေး​ကို​သုတ်​လိမ်း ရ​မည်။-

8. ထို​ည​တွင်​အ​သား​ကို​မီး​ကင်​၍​တ​ဆေး​မဲ့ မုန့်၊ ခါး​သော​အ​ရွက်​တို့​နှင့်​စား​ရ​ကြ​မည်။-

9. အ​သား​ကို​အ​စိမ်း​လိုက်​ဖြစ်​စေ၊ ပြုတ်​၍​ဖြစ် စေ​မ​စား​ရ။ တိ​ရစ္ဆာန်​၏​ဦး​ခေါင်း၊ ခြေ​လက်၊ ဝမ်း တွင်း​သား​နှင့်​တ​ကွ​တစ်​ကောင်​လုံး​ကို​မီး​ကင် ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 12