ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 12:35-40 Common Language Bible (BCL)

35. မော​ရှေ​မှာ​ကြား​ထား​သည့်​အ​တိုင်း​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည် သား​တို့​ထံ​မှ​ရွှေ​ထည်၊ ငွေ​ထည်၊ အ​ဝတ် အ​ထည်​များ​ကို​တောင်း​ယူ​ကြ​၏။-

36. အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ရို​သေ​လေး​စား​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့်​သူ​တို့ တောင်း​သ​မျှ​ကို​ပေး​ကြ​၏။ ဤ​နည်း​အား ဖြင့်​သူ​တို့​သည် အီ​ဂျစ်​အ​မျိုး​သား​တို့​၏ ပစ္စည်း​ဥစ္စာ​များ​ကို​ယူ​ဆောင်​သွား​ကြ​၏။

37. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရာ​မ​သက် မြို့​မှ သု​ကုတ်​မြို့​သို့​ခြေ​လျင်​ခ​ရီး​ဖြင့်​ထွက်​ခွာ လာ​ခဲ့​ကြ​၏။ အ​ရေ​အ​တွက်​အား​ဖြင့်​အ​မျိုး သ​မီး​နှင့်​က​လေး​များ​မ​ပါ​ဘဲ စု​စု​ပေါင်း လူ​ခြောက်​သိန်း​မျှ​ရှိ​လေ​သည်။-

38. သူ​တို့​နှင့်​အ​တူ​ဣ​သ​ရေ​လ​အ​မျိုး​သား မ​ဟုတ်​သော​သူ​မြောက်​မြား​စွာ​တို့​နှင့် သိုး၊ ဆိတ်၊ နွား​များ​စွာ​တို့​လည်း​လိုက်​ပါ​သွား​ကြ​လေ သည်။-

39. သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ယူ​ဆောင်​ခဲ့​သော တ​ဆေး​မ​ရော​သည့်​မုန့်​စိမ်း​ဖြင့်​မုန့်​ဖုတ်​ကြ ၏။ အီ​ဂျစ်​ပြည်​မှ​သူ​တို့​အား​ရုတ်​တ​ရက် နှင်​ထုတ်​လိုက်​ကြ​သည်​ဖြစ်​ခြင်း​ကြောင့် မုန့် စိမ်း​၌​တ​ဆေး​ရော​ရန်​အ​ချိန်​မ​ရ​ခဲ့ ကြ​ချေ။

40. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​တွင် နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​နေ​ထိုင် ခဲ့​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 12