21. မောရှေသည်ဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့ကိုခေါ်၍``သင်တို့၏မိသားစု အသီးသီးသည် ပသခါပွဲတော်ကိုဆင်ယင် ကျင်းပနိုင်ရန် တိရစ္ဆာန်များထဲမှရွေးယူ၍ ပသခါပွဲအတွက်သတ်ကြလော့။-
22. ထိုနောက်ဟုဿုပ်ညွန့်တစ်စည်းကိုယူ၍အင်တုံ ထဲရှိသိုး၏သွေး၌နှစ်ပြီးလျှင် တံခါးထုပ်နှင့် တံခါးတိုင်နှစ်တိုင်တို့ကိုသုတ်ရမည်။ နံနက် ချိန်သို့ရောက်သည့်တိုင်အောင်မည်သူမျှမိမိ အိမ်အပြင်သို့မထွက်ရ။-
23. ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေဒဏ်စီရင်ရန် အီဂျစ်ပြည်ကို ဖြတ်သန်းကြွသွားသည့်အခါတံခါးထုပ်၊ တံခါးတိုင်တို့တွင်သွေးကိုမြင်ရလျှင် သင် တို့အသက်ချမ်းသာရစေရန် သေမင်းတမန် အား သင်တို့၏အိမ်များကိုကျော်သွားစေ တော်မူမည်။ သင်တို့၏အိမ်များထဲသို့ဝင်၍ သင်တို့အားသတ်ခွင့်ပေးမည်မဟုတ်။-
24. သင်တို့နှင့်သင်တို့၏သားသမီးများသည် ဤပညတ်ချက်များကိုအစဉ်လိုက်နာ ကျင့်သုံးရကြမည်။-
25. ထာဝရဘုရားကတိထားတော်မူသော ပြည်သို့ သင်တို့ဝင်ရောက်ကြသောအခါ ဤဝတ်ကိုပြုရမည်။-
26. သင်တို့၏သားသမီးများက`ဤသို့ဝတ်ပြု ခြင်းမှာမည်သို့ဆိုလိုပါသနည်း' ဟုမေး လျှင်၊-