ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 12:18-32 Common Language Bible (BCL)

18. သင်​တို့​သည်​ပ​ထ​မ​လ​တစ်​ဆယ့်​လေး​ရက် နေ့​ည​နေ​မှ နှစ်​ဆယ့်​တစ်​ရက်​နေ့​ည​နေ တိုင်​အောင်​တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​မည်။-

19. ခု​နစ်​ရက်​ပတ်​လုံး​သင်​တို့​၏​အိမ်​များ​တွင် တ​ဆေး​မ​ရှိ​စေ​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား ဖြစ်​စေ၊ အ​ခြား​အ​မျိုး​သား​ဖြစ်​စေ မည်​သူ မ​ဆို​တ​ဆေး​ပါ​သော​မုန့်​ကို​စား​မိ​လျှင် ထို သူ​သည်​ငါ​၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်။-

20. တ​ဆေး​ပါ​သည့်​မုန့်​ကို​လုံး​ဝ​မ​စား​ရ၊ သင် သည်​မည်​သည့်​အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို တ​ဆေး​မဲ့​မုန့်​ကို​သာ​စား​ရ​မည်'' ဟု​မိန့်​တော် မူ​၏။

21. မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​ကို​ခေါ်​၍``သင်​တို့​၏​မိ​သား​စု အ​သီး​သီး​သည် ပ​သ​ခါ​ပွဲ​တော်​ကို​ဆင်​ယင် ကျင်း​ပ​နိုင်​ရန် တိ​ရစ္ဆာန်​များ​ထဲ​မှ​ရွေး​ယူ​၍ ပ​သ​ခါ​ပွဲ​အ​တွက်​သတ်​ကြ​လော့။-

22. ထို​နောက်​ဟု​ဿုပ်​ညွန့်​တစ်​စည်း​ကို​ယူ​၍​အင်​တုံ ထဲ​ရှိ​သိုး​၏​သွေး​၌​နှစ်​ပြီး​လျှင် တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​တိုင်​တို့​ကို​သုတ်​ရ​မည်။ နံ​နက် ချိန်​သို့​ရောက်​သည့်​တိုင်​အောင်​မည်​သူ​မျှ​မိ​မိ အိမ်​အ​ပြင်​သို့​မ​ထွက်​ရ။-

23. ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ဒဏ်​စီ​ရင်​ရန် အီ​ဂျစ်​ပြည်​ကို ဖြတ်​သန်း​ကြွ​သွား​သည့်​အ​ခါ​တံ​ခါး​ထုပ်၊ တံ​ခါး​တိုင်​တို့​တွင်​သွေး​ကို​မြင်​ရ​လျှင် သင် တို့​အ​သက်​ချမ်း​သာ​ရ​စေ​ရန် သေ​မင်း​တ​မန် အား သင်​တို့​၏​အိမ်​များ​ကို​ကျော်​သွား​စေ တော်​မူ​မည်။ သင်​တို့​၏​အိမ်​များ​ထဲ​သို့​ဝင်​၍ သင်​တို့​အား​သတ်​ခွင့်​ပေး​မည်​မ​ဟုတ်။-

24. သင်​တို့​နှင့်​သင်​တို့​၏​သား​သ​မီး​များ​သည် ဤ​ပ​ညတ်​ချက်​များ​ကို​အ​စဉ်​လိုက်​နာ ကျင့်​သုံး​ရ​ကြ​မည်။-

25. ထာ​ဝ​ရ​ဘု​ရား​က​တိ​ထား​တော်​မူ​သော ပြည်​သို့ သင်​တို့​ဝင်​ရောက်​ကြ​သော​အ​ခါ ဤ​ဝတ်​ကို​ပြု​ရ​မည်။-

26. သင်​တို့​၏​သား​သမီး​များ​က`ဤ​သို့​ဝတ်​ပြု ခြင်း​မှာ​မည်​သို့​ဆို​လို​ပါ​သ​နည်း' ဟု​မေး လျှင်၊-

27. သင်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ် ပြည်​သား​တို့​အား​သုတ်​သင်​ဖျက်​ဆီး​သော အ​ခါ အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​အိမ်​များ​ကို​ကျော်​၍ ငါ​တို့​အား အ​သက်​ချမ်း​သာ​စေ​ခဲ့​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပ​သ​ခါ​ယဇ်​ကို​ပူ​ဇော်​ခြင်း ဖြစ်​သည်' ဟု​ဖြေ​ကြား​ရ​မည်'' ဟု​ညွှန် ကြား​လေ​၏။ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည် ဦး​ညွှတ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး ကြ​၏။-

28. ထို​နောက်​မောရှေ​နှင့်​အာ​ရုန်​တို့​ညွှန်​ကြား သည့်​အ​တိုင်း သူ​တို့​သည်​လိုက်​နာ​ဆောင်​ရွက် ကြ​၏။

29. သန်း​ခေါင်​အ​ချိန်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ဘု​ရင်​၏​နန်း​လျာ​သား​ဦး​မှ​စ​၍ ထောင်​တွင်း​ရှိ အ​ကျဉ်း​သ​မား​သား​ဦး​တိုင် အောင်​အီ​ဂျစ်​ပြည်​ရှိ​သား​ဦး​မှန်​သ​မျှ​ကို လည်း​ကောင်း၊ တိ​ရစ္ဆာန်​တို့​၏​သား​ဦး​ဟူ​သ​မျှ ကို​လည်း​ကောင်း​သေ​ဒဏ်​စီ​ရင်​တော်​မူ​၏။-

30. ထို​ည​တွင်​အီ​ဂျစ်​ဘု​ရင်​နှင့်​မှူး​မတ်​ပြည်​သူ အ​ပေါင်း​တို့​သည် ထ​၍​အော်​ဟစ်​ငို​ကြွေး​မြည် တမ်း​ကြ​လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အီ​ဂျစ် တစ်​နိုင်​ငံ​လုံး​တွင် သား​မ​သေ​သော​အိမ်​တစ် အိမ်​မျှ​မ​ရှိ​သော​ကြောင့်​ဖြစ်​သ​တည်း။-

31. ထို​ည​ချင်း​တွင်​ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​ခေါ်​၍``သင်​တို့​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ငါ​၏​ပြည်​မှ​ထွက်​သွား​ကြ လော့။ သင်​တို့​တောင်း​ဆို​သည့်​အ​တိုင်း​သွား​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ လော့။-

32. သင်​တို့​၏ သိုး၊ ဆိတ်၊ နွား​တို့​ကို​လည်း​ယူ​ဆောင် သွား​ကြ​လော့။ ငါ​သည်​ကောင်း​ချီး​ခံ​စား​ရ​စေ ရန်​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ပေး​ပါ​လော့'' ဟု​ဆို​လေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 12