ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 12:14-21 Common Language Bible (BCL)

14. ငါ​ထာ​ဝ​ရ​ဘု​ရား​ပြု​သည့်​အ​မှု​ကို​သ​တိ​ရ ရန် ဤ​နေ့​ရက်​ကို​ပွဲ​တော်​နေ့​အ​ဖြစ်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​သည်​ထို​နေ့​ကို​ဘု​ရား ပွဲ​တော်​နေ့​အ​ဖြစ်​ထာ​ဝ​စဉ်​ကျင်း​ပ​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။

15. ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ခု​နစ်​ရက် ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။ တ​ဆေး​မဲ့​မုန့်​ကို​သာ​စား​ရ​မည်။ ပ​ထ​မ နေ့​တွင်​သင်​တို့​၏​အိမ်​များ​မှ​တ​ဆေး​ကို ဖယ်​ရှား​ရ​မည်။ ထို​ခု​နစ်​ရက်​အ​တွင်း​၌​တစ် စုံ​တစ်​ယောက်​သော​သူ​သည် တ​ဆေး​ပါ​သော မုန့်​ကို​စား​မိ​လျှင်​ထို​သူ​သည်​ငါ​၏​လူ​မျိုး တော်​မှ​အ​ပယ်​ခံ​ရ​မည်။-

16. ပ​ထ​မ​နေ့​နှင့်​သတ္တမ​နေ့​၌​ဝတ်​ပြု​အ​စည်း အ​ဝေး​ကို​ကျင်း​ပ​ရ​မည်။ ထို​နေ့​ရက်​များ တွင်​စား​စ​ရာ​ပြင်​ဆင်​ခြင်း​အ​လုပ်​မှ​တစ် ပါး​အ​ခြား​အ​လုပ်​မ​လုပ်​ရ။-

17. ငါ​သည်​ထို​နေ့​တွင်​သင်​တို့​ဗိုလ်​ခြေ​များ​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သည်​ဖြစ်​ခြင်း ကြောင့် ဤ​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ထာ​ဝ စဉ်​ကျင်း​ပ​ကြ​လော့။-

18. သင်​တို့​သည်​ပ​ထ​မ​လ​တစ်​ဆယ့်​လေး​ရက် နေ့​ည​နေ​မှ နှစ်​ဆယ့်​တစ်​ရက်​နေ့​ည​နေ တိုင်​အောင်​တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​မည်။-

19. ခု​နစ်​ရက်​ပတ်​လုံး​သင်​တို့​၏​အိမ်​များ​တွင် တ​ဆေး​မ​ရှိ​စေ​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား ဖြစ်​စေ၊ အ​ခြား​အ​မျိုး​သား​ဖြစ်​စေ မည်​သူ မ​ဆို​တ​ဆေး​ပါ​သော​မုန့်​ကို​စား​မိ​လျှင် ထို သူ​သည်​ငါ​၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်။-

20. တ​ဆေး​ပါ​သည့်​မုန့်​ကို​လုံး​ဝ​မ​စား​ရ၊ သင် သည်​မည်​သည့်​အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို တ​ဆေး​မဲ့​မုန့်​ကို​သာ​စား​ရ​မည်'' ဟု​မိန့်​တော် မူ​၏။

21. မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​ကို​ခေါ်​၍``သင်​တို့​၏​မိ​သား​စု အ​သီး​သီး​သည် ပ​သ​ခါ​ပွဲ​တော်​ကို​ဆင်​ယင် ကျင်း​ပ​နိုင်​ရန် တိ​ရစ္ဆာန်​များ​ထဲ​မှ​ရွေး​ယူ​၍ ပ​သ​ခါ​ပွဲ​အ​တွက်​သတ်​ကြ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 12