ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 1:8-16 Common Language Bible (BCL)

8. ထို​နောက်​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​အ​ကြောင်း​ကို​လုံး​ဝ​မ​ကြား​ဘူး​သော​ဘု​ရင်​တစ်​ပါး​နန်း​တက်​လာ​လေ​၏။-

9. ထို​ဘု​ရင်​က​သူ​၏​ပြည်​သား​တို့​အား``ဤ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လူ​ဦး​ရေ​အ​လွန်​များ​ပြား​၍​အင်​အား​ကြီး​မား​လာ​သ​ဖြင့် ငါ​တို့​အား​အန္တရာယ်​ပြု​နိုင်​၏။-

10. သူ​တို့​၏​လူ​ဦး​ရေ​ယခု​ထက်​မ​တိုး​ပွား​လာ​စေ​ရန် လိမ္မာ​စွာ​ငါ​တို့​ပြု​ရ​ကြ​မည်။ အ​ကယ်​၍​စစ်​မက်​ဖြစ်​ပွား​လာ​လျှင် သူ​တို့​သည်​ငါ​တို့​၏​တစ်​ဘက်​ရန်​သူ​နှင့်​ပူး​ပေါင်း​၍​ငါ​တို့​ကို​တိုက်​ခိုက်​ပြီး​လျှင် တိုင်း​ပြည်​မှ​ထွက်​ပြေး​ကြ​လိမ့်​မည်'' ဟု​မိန့်​ကြား​လေ​၏။-

11. သို့​ဖြစ်​၍​အီ​ဂျစ်​အမျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​တွင် အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​ချုပ်​များ​ကို​ခန့်​ထား​၍ စိတ်​ဋ္ဌာတ်​ကို​ချိုး​နှိမ်​ရန်​အ​လုပ်​ကြမ်း​ကို​အ​တင်း​အ​ကြပ်​ခိုင်း​ကြ​၏။ ဤ​နည်း​အား​ဖြင့်​ဖာ​ရော​ဘု​ရင်​၏​ရိက္ခာ​သို​လှောင်​ရာ ပိ​သုံ​မြို့​နှင့်​ရာ​မ​သက်​မြို့​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​တည်​ဆောက်​စေ​၏။-

12. သို့​သော်​လည်း​အီ​ဂျစ်​ပြည်​သား​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လေ၊ သူ​တို့​၏​လူ​ဦး​ရေ​တိုး​ပွား​ပျံ့​နှံ့​လာ​လေ​ဖြစ်​၏။ အီ​ဂျစ်​ပြည်​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့​လာ​ကြ​၏။-

13. ထို့​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကျွန်​အ​ဖြစ်​အ​တင်း​အ​ကြပ်​စေ​ခိုင်း​၍​ညှဉ်း​ဆဲ​ကြ​၏။

14. ဆောက်​လုပ်​ရေး​၌​လည်း​ကောင်း၊ လယ်​ယာ​လုပ်​ငန်း​၌​လည်း​ကောင်း မ​ညှာ​မ​တာ​ဘဲ​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​စေ​ကြ​၏။

15. အီ​ဂျစ်​ဘု​ရင်​က ရှိ​ဖ​ရ​နှင့်​ပု​အာ​နာ​မည်​ရှိ​သော​ဟေ​ဗြဲ​ဝမ်း​ဆွဲ​နှစ်​ဦး​တို့​အား၊-

16. ``ဟေ​ဗြဲ​အ​မျိုး​သမီး​တို့​ကို​သား​ဖွား​ပေး​ရ​သည့်​အ​ခါ ယောကျာ်း​က​လေး​ဖြစ်​လျှင်​သတ်​ပစ်​လော့။ မိန်း​က​လေး​ဖြစ်​လျှင်​အ​သက်​ချမ်း​သာ​ခွင့်​ပေး​လော့။'' ဟု​အ​မိန့်​ပေး​လေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 1