ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 1:1-8 Common Language Bible (BCL)

1. အီ​ဂျစ်​ပြည်​သို့​ယာ​ကုပ်​နှင့်​အ​တူ သွား​ရောက်​ကြ​သော​ယာ​ကုပ်​၏​သား​များ​မှာ၊-

2. ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊-

3-4. ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊ ဗင်္ယာ​မိန်၊ ဒန်၊ န​ဿ​လိ၊ ဂဒ်၊ အာ​ရှာ​တို့​ဖြစ်​ကြ​၏။ သူ​တို့​၏​မိ​သား​စု​များ​လည်း​လိုက်​ပါ​သွား​ကြ​၏။-

5. ဤ​သူ​တို့​သည်​ယာ​ကုပ်​မှ​တိုက်​ရိုက်​ဆင်း​သက်​၍ ဦး​ရေ​အား​ဖြင့်​စု​စု​ပေါင်း​ခု​နစ်​ဆယ်​ရှိ​သ​တည်း။ ယော​သပ်​သည်​အီ​ဂျစ်​ပြည်​သို့​ရောက်​နှင့်​ပြီး​ဖြစ်​၏။-

6. အ​ချိန်​တန်​သော်​ယော​သပ်​နှင့်​သူ​၏​ညီ​အစ်​ကို​များ​နှင့်​တ​ကွ သူ​တို့​၏​ခေတ်​က​ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​သည်​ကွယ်​လွန်​ကြ​ကုန်​၏။-

7. သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​၍ အ​လွန်​တိုး​ပွား​များ​ပြား​လာ​သ​ဖြင့်၊ တစ်​တိုင်း​တစ်​ပြည်​လုံး​တွင်​အ​နှံ့​အ​ပြား​နေ​ထိုင်​ကြ​လေ​သည်။

8. ထို​နောက်​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​အ​ကြောင်း​ကို​လုံး​ဝ​မ​ကြား​ဘူး​သော​ဘု​ရင်​တစ်​ပါး​နန်း​တက်​လာ​လေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 1