ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 9:17-27 Common Language Bible (BCL)

17. ထို့​ကြောင့်​ငါ​သည်​သင်​တို့​ရှေ့​တွင်​ကျောက်​ပြား များ​ကို​ပစ်​ချ​သ​ဖြင့် ကျောက်​ပြား​များ​ကျိုး ပဲ့​ကြေ​မွ​ကုန်​၏။-

18. သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၍ အ​မျက်​တော်​ထွက်​စေ​သော​ကြောင့် ငါ​သည်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ​ပျပ်​ဝပ်​လျက် နေ​ခဲ့​၏။-

19. ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား​သေ​ကြေ ပျက်​စီး​စေ​မည့်​အ​မျက်​တော်​ကို​ငါ​ကြောက်​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏ တောင်း​ပန်​လျှောက်​ထား​ခြင်း​ကို​တစ်​ဖန် နား​ညောင်း​တော်​မူ​၏။-

20. ထာ​ဝ​ရ​ဘု​ရား​သည်​အာရုန်​ကို​လည်း​အ​မျက် တော်​ထွက်​သ​ဖြင့် အ​ဆုံး​စီ​ရင်​ရန်​အ​ကြံ​တော် ရှိ​၏။ ထို့​ကြောင့်​ငါ​သည် အာ​ရုန်​အ​တွက်​ကို လည်း​တောင်း​ပန်​လျှောက်​ထား​၏။-

21. ငါ​သည်​သင်​တို့​အား​အ​ပြစ်​ရောက်​စေ​သည့် နွား​ရုပ်​တု​ကို မီး​ထဲ​သို့​ပစ်​ချ​လိုက်​၏။ ထို့ နောက်​နွား​ရုပ်​တု​ကို​အ​မှုန့်​ဖြစ်​အောင်​ထု ထောင်း​၍ အ​မှုန့်​ကို​တောင်​ကျ​ချောင်း​ထဲ​သို့ သွန်း​ချ​ခဲ့​၏။''

22. ``သင်​တို့​သည်​တ​ဗေ​ရ​အ​ရပ်၊ မ​ဿာ​အ​ရပ်၊ ကိ​ဗြုတ်​ဟတ္တ​ဝါ​အ​ရပ်​တို့​၌​ရှိ​စဉ်​က​လည်း ထာ​ဝ​ရ​ဘု​ရား​အား​အ​မျက်​တော်​ထွက်​စေ ခဲ့​ကြ​သည်။-

23. ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သွား​ရောက်​သိမ်း​ယူ​ရန် သင်​တို့​အား​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​မှ​စေ​လွှတ်​သော​အ​ခါ သင်​တို့ သည်​ပုန်​ကန်​ကြ​၏။ ကိုယ်​တော်​ကို​မ​ယုံ၊ အ​မိန့်​တော်​ကို​နာ​မ​ခံ​ကြ။-

24. သင်​တို့​သည်​ငါ​စ​တင်​သိ​ကျွမ်း​သည့်​အ​ချိန်​မှ စ​၍ ယ​နေ့​အ​ထိ​ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန် ခဲ့​ကြ​၏။''

25. ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​သုတ်​သင်​ဖျက် ဆီး​မည်​ဖြစ်​သော​ကြောင့် ငါ​သည်​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး ကိုယ်​တော်​၏​ရှေ့​မှောက်​တွင်​ပျပ်​ဝပ် လျက်​နေ​ခဲ့​၏။-

26. ငါ​က`အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​မ​ဟာ တန်​ခိုး​တော်​နှင့်​လက်​ရုံး​တော်​အား​ဖြင့် အီ​ဂျစ် ပြည်​မှ​ကယ်​တင်​ထုတ်​ဆောင်​ခဲ့​သော​ကိုယ်​တော် ၏​လူ​မျိုး​တော်​ကို သုတ်​သင်​ဖျက်​ဆီး​တော် မ​မူ​ပါ​နှင့်။-

27. ကိုယ်​တော်​၏​အ​စေ​ခံ​များ​ဖြစ်​သော​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော် မူ​၍ ဤ​လူ​မျိုး​တော်​၏​ခေါင်း​မာ​မှု၊ မိုက်​မဲ​မှု၊ အ​ပြစ်​ကူး​လွန်​မှု​တို့​ကို​သည်း​ခံ​တော်​မူ​ပါ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 9