ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 6:8-23 Common Language Bible (BCL)

8. ထို​ပ​ညတ်​များ​ကို​သ​တိ​ရ​နေ​စေ​ရန် သင် တို့​၏​လက်​မောင်း​၌​လည်း​ကောင်း၊ န​ဖူး​၌ လည်း​ကောင်း​ချည်​ထား​ရ​မည်။-

9. သင်​တို့​၏​အိမ်​တံခါး​တိုင်​နှင့်​ဝင်း​တံ​ခါး​တို့ တွင် ထို​ပ​ညတ်​တော်​များ​ကို​ရေး​ထား​ရ​မည်။''

10. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​က​တိ ထား​တော်​မူ​သည်​အ​တိုင်း သင်​တို့​ကိုယ်​တိုင် မ​တည်​ဆောက်​သည့်​စည်​ပင်​သာ​ယာ​သော မြို့​ကြီး​များ​ကို သင်​တို့​အား​ပေး​တော်​မူ မည်။-

11. သင်​တို့​မ​စု​ဆောင်း​ဘဲ ကောင်း​မွန်​သော​အ​ရာ များ​နှင့်​ပြည့်​စုံ​သော​အိမ်​များ​ကို​လည်း​ကောင်း၊ သင်​တို့​မ​တူး​သော​ရေ​တွင်း​များ​ကို​လည်း ကောင်း၊ သင်​တို့​မ​စိုက်​ပျိုး​သော​စ​ပျစ်​ခြံ​နှင့် သံ​လွင်​ခြံ​များ​ကို​လည်း​ကောင်း သင်​တို့​အား ပေး​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​ကို​ပို့​ဆောင်​၍ ထို​ပြည်​သို့​ရောက်​သ​ဖြင့် သင်​တို့​သည်​အ​စား​အ​စာ​ကို​ဝ​လင်​စွာ စား​ရ​သော​အ​ခါ၊-

12. ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ် ဆောင်​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​လျော့​ရန်​သ​တိ​ပြု​ကြ​လော့။-

13. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​လော့။ ကိုယ်​တော်​ကို​သာ​ကိုး ကွယ်​လော့။ ကိုယ်​တော်​၏​နာ​မ​တော်​ကို​သာ တိုင်​တည်​လျက်​က​တိ​သစ္စာ​ပြု​လော့။-

14. အ​ခြား​ဘုရား​များ​ကို​မ​ဆည်း​ကပ်​နှင့်။ သင် တို့​ပတ်​ဝန်း​ကျင်​တွင်​နေ​ထိုင်​သော​လူ​မျိုး တို့​၏​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​နှင့်။-

15. သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​ခံ တော်​မ​မူ။ ထို့​ကြောင့်​သင်​တို့​သည်​အ​ခြား​သော ဘု​ရား​ကို​ဝတ်​ပြု​လျှင် အ​မျက်​တော်​သည်​မီး ကဲ့​သို့​တောက်​လောင်​၍ သင်​တို့​အ​ပေါင်း​ကို​သေ ကြေ​ပျက်​စီး​စေ​လိမ့်​မည်။''

16. ``သင်​တို့​သည်​မ​ဿာ​အ​ရပ်​မှာ​ကဲ့​သို့ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​စစ် အ​ကြော​မ​ပြု​ရ။-

17. ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း​တော်​မူ​သော ပ​ညတ် အား​လုံး​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​လော့။-

18. သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် သင့်​မြတ်​မှန်​ကန်​သော​အ​မှု​တို့​ကို​ပြု​လျှင် အ​ရာ​ရာ​၌​အောင်​မြင်​လိမ့်​မည်။ သင်​တို့​၏ ဘိုး​ဘေး​တို့​အား ထာ​ဝ​ရ​ဘု​ရား​က​တိ ထား​တော်​မူ​သော​သာ​ယာ​ဝ​ပြော​သည့် ပြည်​ကို​သိမ်း​နိုင်​လိမ့်​မည်။-

19. ကတိ​တော်​အ​တိုင်း​သင်​တို့​၏​ရန်​သူ​တို့​ကို လည်း​နှင်​ထုတ်​နိုင်​လိမ့်​မည်။''

20. ``နောင်​အ​ခါ​၌​သင်​တို့​၏​သား​သ​မီး​တို့​သည် သင်​တို့​အား`ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က ဤ​ပ​ညတ်​ရှိ​သ​မျှ​ကို​အ​ဘယ် ကြောင့်​ပြ​ဋ္ဌာန်း​တော်​မူ​ရ​သ​နည်း' ဟူ​၍ မေး ကြ​လျှင်၊-

21. `ငါ​တို့​သည်​အီ​ဂျစ်​ပြည်​ဘု​ရင်​ထံ​တွင်​ကျွန် ခံ​ခဲ့​ရ​စဉ်​က ထာ​ဝ​ရ​ဘု​ရား​သည်​မဟာ တန်​ခိုး​တော်​ဖြင့်​ငါ​တို့​အား​ကယ်​ဆယ်​ခဲ့ ၏။-

22. ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​အ​မျိုး​သား​တို့ အား​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင်​နှင့်​မှူး​မတ် အ​ရာ​ရှိ​အ​ပေါင်း​တို့​အား​လည်း​ကောင်း နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​၍​ကြောက်​မက်​ဖွယ်​သော ဘေး​ဥပဒ်​များ​ကျ​ရောက်​စေ​တော်​မူ​ခဲ့​ပုံ​ကို ငါ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​သည်။-

23. ငါ​တို့​၏​ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော်​မူ သည့်​အ​တိုင်း ငါ​တို့​ကို​အီဂျစ်​အ​မျိုး​သား​တို့ ၏​လက်​မှ​လွတ်​မြောက်​စေ​ပြီး​လျှင် ဤ​ပြည် တွင်​နေ​ထိုင်​ရန်​ပို့​ဆောင်​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 6