ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 6:20-25 Common Language Bible (BCL)

20. ``နောင်​အ​ခါ​၌​သင်​တို့​၏​သား​သ​မီး​တို့​သည် သင်​တို့​အား`ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က ဤ​ပ​ညတ်​ရှိ​သ​မျှ​ကို​အ​ဘယ် ကြောင့်​ပြ​ဋ္ဌာန်း​တော်​မူ​ရ​သ​နည်း' ဟူ​၍ မေး ကြ​လျှင်၊-

21. `ငါ​တို့​သည်​အီ​ဂျစ်​ပြည်​ဘု​ရင်​ထံ​တွင်​ကျွန် ခံ​ခဲ့​ရ​စဉ်​က ထာ​ဝ​ရ​ဘု​ရား​သည်​မဟာ တန်​ခိုး​တော်​ဖြင့်​ငါ​တို့​အား​ကယ်​ဆယ်​ခဲ့ ၏။-

22. ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​အ​မျိုး​သား​တို့ အား​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင်​နှင့်​မှူး​မတ် အ​ရာ​ရှိ​အ​ပေါင်း​တို့​အား​လည်း​ကောင်း နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​၍​ကြောက်​မက်​ဖွယ်​သော ဘေး​ဥပဒ်​များ​ကျ​ရောက်​စေ​တော်​မူ​ခဲ့​ပုံ​ကို ငါ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​သည်။-

23. ငါ​တို့​၏​ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော်​မူ သည့်​အ​တိုင်း ငါ​တို့​ကို​အီဂျစ်​အ​မျိုး​သား​တို့ ၏​လက်​မှ​လွတ်​မြောက်​စေ​ပြီး​လျှင် ဤ​ပြည် တွင်​နေ​ထိုင်​ရန်​ပို့​ဆောင်​တော်​မူ​၏။-

24. ထို​နောက်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ပ​ညတ်​အ​လုံး​စုံ​တို့​ကို​လိုက် နာ​ကျင့်​သုံး​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​အား ကြောက်​ရွံ့​ရို​သေ​ရန်​လည်း​ကောင်း​ပြ​ဋ္ဌာန်း တော်​မူ​၏။-

25. ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း​နာ​ခံ​လျှင် ကိုယ်​တော်​သည်​ငါ တို့​၏​နိုင်​ငံ​ကို​အ​စဉ်​စောင့်​ရှောက်​၍​သာ​ယာ ဝ​ပြော​စေ​တော်​မူ​မည်။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​ပ​ညတ်​တော်​မူ​သ​မျှ​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အား​နှစ်​သက်​တော်​မူ​လိမ့်​မည်' ဟူ​၍ ဖြေ​ကြား​လော့။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 6