ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 4:35-49 Common Language Bible (BCL)

35. ထာ​ဝ​ရ​ဘု​ရား​သာ​လျှင်​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း၊ အ​ခြား​သော​ဘု​ရား​မ​ရှိ​ကြောင်း​ကို ထို​အ​မှု​တော်​များ​အား​ဖြင့် သင်​တို့​အား​သိ စေ​တော်​မူ​ပြီ။-

36. ကိုယ်​တော်​သည်​သင်​တို့​အား​သွန်​သင်​ရန် မိုး ကောင်း​ကင်​မှ​မိန့်​တော်​မူ​သော​အ​သံ​တော်​ကို ကြား​စေ​တော်​မူ​ပြီ။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် သင်​တို့​သည် ကိုယ်​တော်​၏​မီး​တောက်​မီး​လျှံ ကို​မြင်​စေ​လျက် ထို​မီး​ထဲ​မှ​သင်​တို့​အား မိန့်​ကြား​တော်​မူ​၏။-

37. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ဘိုး​ဘေး တို့​ကို​ချစ်​တော်​မူ​သော​ကြောင့် သူ​တို့​၏​အဆက် အ​နွယ်​များ​ကို​ရွေး​ကောက်​တော်​မူ​၍ မ​ဟာ တန်​ခိုး​တော်​ဖြင့်​ကိုယ်​တော်​တိုင် သင်​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​လေ သည်။-

38. သင်​တို့​ယ​ခု​ပိုင်​ဆိုင်​သော​ပြည်​သို့​ဝင်​ရောက် သိမ်း​ပိုက်​နိုင်​စေ​ရန် သင်​တို့​ချီ​တက်​ရန်​လမ်း ကြောင်း​တွင်​ရှိ​သော​သင်​တို့​ထက်​အင်​အား ကြီး​မား​သည့်​လူ​မျိုး​များ​ကို​နှင်​ထုတ်​တော် မူ​သည်။-

39. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် မြေ​ကြီး​ပေါ်​မှာ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း၊ အ​ခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို​အ​စဉ် အ​မြဲ​စွဲ​မှတ်​သ​တိ​ရ​ကြ​လော့။-

40. ယ​နေ့​သင်​တို့​အား​ငါ​ပေး​သော​ပညတ်​တော် အား​လုံး​ကို​စောင့်​ထိန်း​ကြ​လျှင် သင်​တို့​နှင့် တ​ကွ​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် ကြီး​ပွား​ချမ်း​သာ​ကြ​လိမ့်​မည်။ သင်​တို့​သည် လည်း​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင် တို့​အား​အ​မြဲ​ပိုင်​ရန်​ပေး​တော်​မူ​သော​ပြည် တွင်​ဆက်​လက်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု ဆို​လေ​၏။

41-42. ထို့​နောက်​တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​ရန်​သူ မ​ဖြစ်​ခဲ့​ဘူး​သူ​ကို​အ​မှတ်​မဲ့​သတ်​မိ​သည့် အ​ခါ ထွက်​ပြေး​ခို​လှုံ​နိုင်​သော​မြို့​သုံး​မြို့​ကို မော​ရှေ​သတ်​မှတ်​ပေး​လေ​သည်။ ထို​သူ​သည် ထို​မြို့​များ​အ​နက်​မြို့​တစ်​မြို့​သို့​ထွက်​ပြေး ၍​ခို​လှုံ​လျှင် အ​သက်​ချမ်း​သာ​ရာ​ရ​မည် ဖြစ်​သည်။-

43. ရု​ဗင်​အ​နွယ်​အ​တွက်​ကုန်း​ပြင်​သဲ​ကန္တာရ​ရှိ ဗေ​ဇာ​မြို့​ကို​လည်း​ကောင်း၊ ဂဒ်​အနွယ်​အ​တွက် ဂိလဒ်​ဒေ​သ​ရှိ​ရာမုတ်​မြို့​ကို​လည်း​ကောင်း၊ မ​နာ ရှေ​အနွယ်​အ​တွက်​ဗာ​ရှန်​ဒေ​သ​ရှိ​ဂေါ​လန် မြို့​ကို​လည်း​ကောင်း ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ် သတ်​မှတ်​ပေး​သည်။

44. မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​တော် များ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြ​ဋ္ဌာန်း​ပေး​လေ​၏။-

45-46. သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး နောက် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဗက်​ပေ​ဂု​ရ​မြို့ တစ်​ဘက်​တွင်​ရှိ​သော​ချိုင့်​ဝှမ်း​၌​ရောက်​ရှိ​နေ ကြ​စဉ်​မော​ရှေ​သည် ပညတ်​တော်​များ​ကို​ပြ​ဋ္ဌာန်း ပေး​သည်။ ထို​အ​ရပ်​သည်​ဟေ​ရှ​ဘုန်​မြို့​တွင် စိုး​စံ​သော​အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​၏​ပိုင်​နက် ဖြစ်​ခဲ့​သည်။ မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး သည့်​နောက်​ထို​ဘု​ရင်​ကို​နှိမ်​နင်း​၍၊-

47. သူ​၏​နိုင်​ငံ​ကို​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​တွင် စိုး​စံ​သော​အ​ခြား​အာ​မော​ရိ​ဘု​ရင် ဖြစ်​သည့်​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​၏​နိုင်​ငံ​ကို လည်း​ကောင်း​သိမ်း​ယူ​ခဲ့​ကြ​သည်။-

48. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ပိုက်​သော နယ်​မြေ​သည် အာ​နုန်​မြစ်​အ​နီး​ရှိ​အာ​ရော် မြို့​မှ​ဟေ​ရ​မုန်​ခေါ်​စိ​ယုန်​တောင်​အ​ထိ ကျယ်​ပြန့်​လေ​သည်။-

49. ထို​နယ်​မြေ​တွင်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ ဒေ​သ​တစ်​ခု​လုံး​ပါ​ဝင်​၏။ ယင်း​ဒေ​သ​သည် တောင်​ဘက်​ပင်​လယ်​သေ​အ​ထိ အ​ရှေ့​ဘက် ပိ​သ​ဂါ​တောင်​ခြေ​အ​ထိ​ကျယ်​ဝန်း​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 4