ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 4:29-39 Common Language Bible (BCL)

29. သို့​ရာ​တွင်​သင်​တို့​သည် ထို​နိုင်​ငံ​များ​၌​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​စွမ်း ရှိ​သ​မျှ​နှင့်​ရှာ​လျှင်​တွေ့​လိမ့်​မည်။-

30. သင်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​၍​ဖော်​ပြ​ခဲ့ သော​အ​ခြေ​အ​နေ​သို့​ဆိုက်​ရောက်​လာ​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား​ဆည်း​ကပ်​၍ အ​မိန့်​တော်​ကို​နာ​ခံ​ကြ​လိမ့်​မည်။-

31. ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ကြင်​နာ​တတ် သော​ဘု​ရား​ဖြစ်​၏။ သင်​တို့​ကို​စွန့်​ပစ်​ဖျက် ဆီး​တော်​မူ​မည်​မ​ဟုတ်။ သင်​တို့​၏​ဘိုး​ဘေး တို့​နှင့်​ကိုယ်​တော်​တိုင်​ပြု​တော်​မူ​သော​ပ​ဋိ ညာဉ်​ကို​လည်း​မေ့​တော်​မူ​မည်​မ​ဟုတ်။''

32. ``ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​ပေါ်​တွင် လူ​ကို​ဖန်​ဆင်း သော​အ​ချိန်​မှ​အ​စ​ပြု​၍​သင်​တို့​မ​ဖွား​မြင် မီ​အ​တိတ်​ကာ​လ​အ​တွင်း​ကမ္ဘာ​လော​က​တစ်​ဝန်း လုံး​တွင် ဤ​မျှ​လောက်​အံ့​သြ​ဖွယ်​သော​အ​မှု​ကြီး ဖြစ်​ပျက်​ဖူး​ပါ​သ​လော။ ယင်း​ကဲ့​သို့​သော​အ​မှု ကြီး​၏​သ​တင်း​ကို​ကြား​ဖူး​ပါ​သ​လော။ စူး စမ်း​ရှာ​ဖွေ​ကြည့်​လော့။-

33. မီး​ထဲ​မှ​ဘု​ရား​မိန့်​တော်​မူ​သံ​ကို​သင်​တို့ ကြား​သ​ကဲ့​သို့​သူ​တို့​ကြား​၍ အ​သက်​ချမ်း သာ​ရ​ခဲ့​ဖူး​သော​အ​ခြား​လူ​မျိုး​ရှိ​ပါ သ​လော။-

34. သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​အ​မျိုး​သား​တို့​လက်​မှ​သင်​တို့​ကို ကယ်​တင်​၍ မိ​မိ​၏​လူ​မျိုး​တော်​အ​ဖြစ်​ထုတ် ဆောင်​ခဲ့​သည်။ အ​ခြား​သော​ဘု​ရား​သည် လူ​တစ်​မျိုး​အ​တွက် ထို​ကဲ့​သို့​ပြု​ခဲ့​ဖူး​ပါ သ​လော။ ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး တော်​ကို​ပြ​တော်​မူ​ခြင်း၊ ဘေး​ဒဏ်​နှင့်​စစ် ဘေး​သင့်​စေ​ခြင်း၊ နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြ​ခြင်း၊ ကြောက် မက်​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ခြင်း စ​သည်​တို့​ကို​သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​ပြီ။-

35. ထာ​ဝ​ရ​ဘု​ရား​သာ​လျှင်​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း၊ အ​ခြား​သော​ဘု​ရား​မ​ရှိ​ကြောင်း​ကို ထို​အ​မှု​တော်​များ​အား​ဖြင့် သင်​တို့​အား​သိ စေ​တော်​မူ​ပြီ။-

36. ကိုယ်​တော်​သည်​သင်​တို့​အား​သွန်​သင်​ရန် မိုး ကောင်း​ကင်​မှ​မိန့်​တော်​မူ​သော​အ​သံ​တော်​ကို ကြား​စေ​တော်​မူ​ပြီ။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် သင်​တို့​သည် ကိုယ်​တော်​၏​မီး​တောက်​မီး​လျှံ ကို​မြင်​စေ​လျက် ထို​မီး​ထဲ​မှ​သင်​တို့​အား မိန့်​ကြား​တော်​မူ​၏။-

37. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ဘိုး​ဘေး တို့​ကို​ချစ်​တော်​မူ​သော​ကြောင့် သူ​တို့​၏​အဆက် အ​နွယ်​များ​ကို​ရွေး​ကောက်​တော်​မူ​၍ မ​ဟာ တန်​ခိုး​တော်​ဖြင့်​ကိုယ်​တော်​တိုင် သင်​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​လေ သည်။-

38. သင်​တို့​ယ​ခု​ပိုင်​ဆိုင်​သော​ပြည်​သို့​ဝင်​ရောက် သိမ်း​ပိုက်​နိုင်​စေ​ရန် သင်​တို့​ချီ​တက်​ရန်​လမ်း ကြောင်း​တွင်​ရှိ​သော​သင်​တို့​ထက်​အင်​အား ကြီး​မား​သည့်​လူ​မျိုး​များ​ကို​နှင်​ထုတ်​တော် မူ​သည်။-

39. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် မြေ​ကြီး​ပေါ်​မှာ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း၊ အ​ခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို​အ​စဉ် အ​မြဲ​စွဲ​မှတ်​သ​တိ​ရ​ကြ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 4