ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 4:12-29 Common Language Bible (BCL)

12. သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပုံ​သဏ္ဌာန် တော်​ကို​မ​မြင်​ရ​သော်​လည်း မီး​ထဲ​မှ​ကိုယ် တော်​မိန့်​တော်​မူ​သံ​ကို​ကြား​ရ​ကြ​ကြောင်း ကို​လည်း​ကောင်း သား​သ​မီး​တို့​အား​ပြော ပြ​လော့။-

13. ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​နှင့်​ပြု​သော​ပ​ဋိ ညာဉ်​တည်း​ဟူ​သော ပ​ညတ်​တော်​ဆယ်​ပါး​ကို လိုက်​နာ​ရ​မည့်​အ​ကြောင်း​မိန့်​မြွက်​တော်​မူ​၏။ ယင်း​ပညတ်​တော်​များ​ကို​ကျောက်​ပြား​နှစ် ပြား​ပေါ်​တွင်​ရေး​ထား​တော်​မူ​၏။-

14. သင်​တို့​ဝင်​ရောက်​သိမ်း​ပိုက်​မည့်​ပြည်​တွင်​သင် တို့​စောင့်​ထိန်း​ရ​မည့်​ပ​ညတ်​များ​ကို သင်​တို့ အား​သွန်​သင်​ရန်​ငါ့​ကို​မိန့်​မှာ​တော်​မူ​၏။''

15-18. ``ထာ​ဝ​ရ​ဘု​ရား​သည်​သိနာ​တောင်​ပေါ်​တွင် မီး​ထဲ​က​သင်​တို့​အား​မိန့်​မြွက်​တော်​မူ​သော အ​ခါ​၌ သင်​တို့​သည်​ကိုယ်​တော်​၏​ပုံ​သဏ္ဌာန် တော်​ကို​လုံး​ဝ​မ​မြင်​ရ​ကြ။ သို့​ဖြစ်​၍​သင် တို့​သည်​ယောကျာ်း​သို့​မ​ဟုတ်​မိန်း​မ​သဏ္ဌာန်၊ တိရစ္ဆာန်​သို့​မ​ဟုတ်​ငှက်​သဏ္ဌာန်၊ တွား​တတ်​သော သတ္တဝါ​သို့​မ​ဟုတ်​ငါး​သဏ္ဌာန်​နှင့်​တူ​သော ရုပ်​တု​ကို​ထု​လုပ်​၍​အ​ပြစ်​မ​ပြု​မိ​စေ ရန်​အ​ထူး​သ​တိ​ပြု​ကြ​လော့။-

19. မိုး​ကောင်း​ကင်​တွင်​မြင်​ရ​သော​နေ၊ လ​နှင့် ကြယ်​နက္ခတ်​စ​သည်​များ​ကို​လည်း​ဝတ်​မ​ပြု၊ မ​ကိုး​ကွယ်​မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့​အား ထို အ​ရာ​များ​ကို​ကိုး​ကွယ်​ခွင့်​ပေး​တော်​မူ​၏။-

20. သင်​တို့​သည်​ကား​မီး​ပြင်း​ဖို​သ​ဖွယ်​ဖြစ် သော​အီ​ဂျစ်​ပြည်​ထဲ​မှ ထာ​ဝ​ရ​ဘု​ရား​ထုတ် ဆောင်​ခဲ့​သော​လူ​မျိုး​ဖြစ်​၏။ ကိုယ်​တော်​၏​လူ မျိုး​တော်​ဖြစ်​စေ​ရန် သင်​တို့​ကို​ထုတ်​ဆောင်​ခဲ့ တော်​မူ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ကိုယ်​တော် ၏​လူ​မျိုး​တော်​အ​ဖြစ် ယ​နေ့​ရပ်​တည်​လျက် ရှိ​ကြ​သည်။-

21. ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက်​ကြောင့်​ငါ့​အား​အ​မျက်​တော် ထွက်​၍ ငါ​သည်​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့​ကူး ၍ သင်​တို့​အား​ပေး​သ​နား​တော်​မူ​သည့်​အ​စာ ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည်​သို့ မ​ဝင်​ရ​ဟု အ​လေး​အ​နက်​ပညတ်​တော်​မူ​သည်။

22. ငါ​သည်​ဤ​အ​ရပ်​၌​သေ​ရ​မည်။ ယော်​ဒန်​မြစ် တစ်​ဘက်​သို့​ကူး​ရ​မည်​မ​ဟုတ်။ သို့​ရာ​တွင် သင်​တို့​သည်​မြစ်​ကို​ကူး​၍ အ​စာ​ရေ​စာ​ပေါ ကြွယ်​ဝ​သော​ပြည်​ကို​သိမ်း​ယူ​ရ​ကြ​တော့​မည်။-

23-24. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို​မ​မေ့ ရန်​သတိ​ပြု​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မီး​လျှံ​နှင့်​တူ​သော ဘု​ရား၊ ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​မ​ခံ​သော ဘု​ရား​ဖြစ်​သော​ကြောင့် ကိုး​ကွယ်​ရန်​အ​တွက် မည်​သည့်​ရုပ်​တု​ကို​မျှ​မ​ထု​လုပ်​နှင့်​ဟူ​သော ပ​ညတ်​ကို​စောင့်​ထိန်း​ကြ​လော့။''

25. ``သင်​တို့​သည်​ထို​ပြည်​တွင်​ကြာ​မြင့်​စွာ​နေ​ထိုင်​၍ သား​မြေး​များ​ရ​သည်​အ​ထိ​ပင်​လျှင် ထာ​ဝ​ရ ဘု​ရား​ကို​မ​ပြစ်​မှား​မိ​စေ​ရန်​ရုပ်​တု​ကို​ထု လုပ်​၍​မ​ကိုး​ကွယ်​နှင့်။ ရုပ်​တု​ထု​လုပ်​ကိုး​ကွယ် ခြင်း​သည်​မှား​ယွင်း​မှု​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ ဘု​ရား​အား​အ​မျက်​ထွက်​စေ​တော်​မူ​လိမ့်​မည်။-

26. ထို​သို့​မှား​ယွင်း​လျှင်​သင်​တို့​အ​မျိုး​သည် ထို ပြည်​မှ​မ​ကြာ​မီ​တိမ်​ကော​ပျောက်​ကွယ်​ရ လိမ့်​မည်​ဟု ငါ​သည်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​တိုင်​တည်​လျက်​ကျိန်​ဆို​၏။ သင်​တို့ သည်​ယော်ဒန်​မြစ်​ကို​ကူး​၍​သိမ်း​ပိုက်​မည့်​ပြည် တွင် ကြာ​ရှည်​စွာ​မ​နေ​ထိုင်​ရ​ဘဲ​တစ်​မျိုး လုံး​ပျက်​စီး​ပျောက်​ကွယ်​သွား​လိမ့်​မည်။-

27. ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​နိုင်​ငံ​အ​နှံ့ အ​ပြား​တွင်​ကွဲ​လွင့်​နေ​ထိုင်​စေ​တော်​မူ​လိမ့် မည်။ ထို​နိုင်​ငံ​တွင် သင်​တို့​၏​လူ​ဦး​ရေ​အ​နည်း ငယ်​မျှ​သာ​ကျန်​ကြွင်း​လိမ့်​မည်။-

28. ထို​အ​ခါ​သင်​တို့​သည်​လူ့​လက်​ဖြင့်​လုပ်​၍ မ​မြင် နိုင်၊ မ​ကြား​နိုင်၊ မ​စား​နိုင်၊ အ​နံ့​မ​ခံ​နိုင်​သော သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လိမ့်​မည်။-

29. သို့​ရာ​တွင်​သင်​တို့​သည် ထို​နိုင်​ငံ​များ​၌​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​စွမ်း ရှိ​သ​မျှ​နှင့်​ရှာ​လျှင်​တွေ့​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 4