ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 4:1-6 Common Language Bible (BCL)

1. ထို့​နောက်​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​အား​ငါ​သွန်​သင်​သော​ပညတ် တို့​ကို​လိုက်​နာ​လျှင် သင်​တို့​သည်​အ​သက်​ရှင်​၍ သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ကို​လည်း​သိမ်း ပိုက်​ရ​ရှိ​ကြ​လိမ့်​မည်။-

2. သင်​တို့​သည်​ငါ​မိန့်​မှာ​သ​မျှ​ကို​ဖြည့်​စွက် ခြင်း၊ နုတ်​ပယ်​ခြင်း​မ​ပြု​ရ။ သင်​တို့​အား​ငါ ပေး​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​တို့​ကို​လိုက်​နာ ကြ​လော့။-

3. ပေ​ဂု​ရ​တောင်​တွင်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ကို သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ ကြ​ပြီ။ ထို​အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​သူ​မှန်​သ​မျှ အား​သေ​ကြေ​ပျက်​စီး​စေ​၍၊-

4. ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ် သော​သင်​တို့​ကို​မူ ယ​နေ့​တိုင်​အောင်​အ​သက် ရှင်​စေ​တော်​မူ​၏။''

5. ``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​ပ​ညတ် တော်​အား​လုံး​ကို​သင်​တို့​အား​သွန်​သင်​ခဲ့ ပြီ။ သင်​တို့​တိုက်​ခိုက်​၍​သိမ်း​ပိုက်​နေ​ထိုင်​မည့် ပြည်​တွင် ထို​ပညတ်​တော်​တို့​ကို​လိုက်​နာ​ကြ လော့။-

6. သင်​တို့​သည်​ထို​ပညတ်​တော်​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ကြ​လျှင် အ​ခြား သော​လူ​မျိုး​များ​ရှေ့​တွင်​သင်​တို့​၏၊ ဉာဏ်​ပညာ ပေါ်​လွင်​ထင်​ရှား​လိမ့်​မည်။ သူ​တို့​သည်​ထို ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​ကြား​ရ​သော​အ​ခါ `ဤ​လူ​မျိုး​သည်​ဉာဏ်​ပညာ​အ​မြော်​အ​မြင် နှင့်​ပြည့်​စုံ​သော​လူ​မျိုး​ကြီး​ဖြစ်​ပါ​သည် တ​ကား' ဟု​ချီး​ကူး​ကြ​လိမ့်​မည်။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 4