ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 31:4-17 Common Language Bible (BCL)

4. ထာ​ဝ​ရ​ဘု​ရား​သည်​အာ​မော​ရိ​ဘု​ရင်​များ ဖြစ်​သော ရှိ​ဟုန်​နှင့်​သြ​ဃ​တို့​ကို​နှိမ်​နင်း​၍ သူ တို့​၏​ပြည်​ကို​ဖျက်​ဆီး​သည့်​နည်း​တူ ထို​ပြည် တွင်​နေ​ထိုင်​သော​လူ​မျိုး​တို့​ကို​သုတ်​သင် ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။-

5. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ထို​သူ​တို့ ကို​တိုက်​ခိုက်​အောင်​မြင်​ခွင့်​ပေး​တော်​မူ​မည် ဖြစ်​၍ ငါ​မှာ​ကြား​သည့်​အ​တိုင်း​သူ​တို့​ကို စီ​ရင်​ရ​မည်။-

6. အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ ထို လူ​မျိုး​တို့​ကို​မ​ကြောက်​ရွံ့​ကြ​နှင့်။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော် တိုင် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​မည်။ သင်​တို့ ကို​မု​ချ​ကူ​မ​တော်​မူ​မည်။ စွန့်​ပစ်​ထား တော်​မူ​မည်​မ​ဟုတ်'' ဟူ​၍​ဖြစ်​၏။

7. ထို့​နောက်​မော​ရှေ​သည်​ယော​ရှု​ကို​ဆင့်​ခေါ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့ တွင်​သူ့​အား``သင်​သည်​အား​မာန်​တင်း​၍​ရဲ​ရင့် ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ၏​ဘိုး​ဘေး​တို့​အား​ကတိ​ထား​တော်​မူ​သော ပြည်​ကို တိုက်​ခိုက်​သိမ်း​ယူ​ရန်​သင်​သည်​ဤ သူ​တို့​ကို​ဦး​ဆောင်​ရ​မည်။-

8. ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​သင့်​အား​ဦး ဆောင်​၍ သင်​နှင့်​အ​တူ​ရှိ​တော်​မူ​မည်။ သင့်​အား မု​ချ​ကူ​မ​တော်​မူ​မည်။ သင့်​ကို​စွန့်​ပစ်​ထား တော်​မူ​မည်​မ​ဟုတ်။ ထို့​ကြောင့်​သင်​သည်​အား မ​လျှော့​နှင့်။ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်'' ဟု​မှာ ကြား​လေ​၏။

9. သို့​ဖြစ်​၍​မော​ရှေ​သည်​ဘု​ရား​သ​ခင်​၏ ပ​ညတ်​တ​ရား​တော်​ကို​ရေး​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ထိန်း သိမ်း​ရ​သော​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​များ​အား​ပေး​အပ်​လေ​သည်။-

10. ထို့​နောက်​မော​ရှေ​က​သူ​တို့​အား``ခု​နစ်​နှစ် လျှင်​တစ်​ကြိမ်​ကျ​ရောက်​သော​ကြွေး​မြီ​များ ကို​လျှော်​ပစ်​သည့်​နှစ်​တွင်​တဲ​နေ​ပွဲ​တော်​ရက် အ​တွင်း ဤ​ပ​ညတ်​တ​ရား​တော်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​နိုင်​အောင်​ဖတ် ပြ​ရ​မည်။-

11. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​သို့​ရောက်​ရှိ​လာ​ကြ သော​အ​ခါ ဤ​ပညတ်​တ​ရား​တော်​ကို​ဖတ်​ပြ ရ​မည်။-

12. ယောကျာ်း၊ မိန်း​မ၊ က​လေး၊ သင်​တို့​မြို့​များ တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား​မှ​စ​၍ လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​သ​ဖြင့်​သူ​တို့ သည် ထို​ပ​ညတ်​တ​ရား​တော်​ကို​ကြား​ရ​၍ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​ကြောက်​ရွံ့​လျက် တ​ရား​တော်​ကို​တ​သ​ဝေ မ​တိမ်း​စောင့်​ထိန်း​ကြ​လိမ့်​မည်။-

13. ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တ​ရား​တော်​ကို​မ​ကြား​ဘူး​သော သင်​တို့​၏ အ​ဆက်​အ​နွယ်​တို့​သည်​ကြား​ရ​လိမ့်​မည်။ သို့ မှ​သာ​သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍​သိမ်း​ယူ​မည့်​ပြည်​တွင်​နေ​ထိုင်​သ​မျှ​ကာ​လ ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လာ​တတ်​ကြ​လိမ့်​မည်'' ဟု​ဆို​လေ​၏။

14. ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် စု​တေ​ရ​သော​အ​ချိန်​နီး​လာ​ပြီ။ ငါ​သည် ယော​ရှု​အား​ညွှန်​ကြား​နိုင်​ရန် သူ့​ကို​ပ​ဋိ​ညာဉ် တဲ​တော်​သို့​ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​နှင့်​ယော​ရှု​တို့​သည်​တဲ​တော်​သို့​သွား ကြ​ရာ၊-

15. ထာ​ဝ​ရ​ဘု​ရား​သည်​တဲ​တော်​တံ​ခါး​ဝ​တွင် မိုး​တိမ်​တိုင်​အား​ဖြင့်​ထင်​ရှား​တော်​မူ​၏။

16. ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုင်​ထဲ​က မော​ရှေ​အား``သင်​သည်​မ​ကြာ​မီ​စု​တေ​ရ​မည်။ သင်​အ​နိစ္စ​ရောက်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် သစ္စာ​ဖောက်​၍​သူ​တို့​နှင့်​ငါ​ပြု ထား​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ သူ​တို့​ဝင်​ရောက် မည့်​ပြည်​ရှိ​အ​ခြား​သော​ဘုရား​များ​ကို ကိုး​ကွယ်​ကြ​လိမ့်​မည်။-

17. ထို​အ​ခါ​၌​ငါ​သည်​အ​မျက်​တော်​ထွက်​၍ သူ တို့​ကို​စွန့်​ပစ်​သ​ဖြင့်​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး ကြ​လိမ့်​မည်။ သူ​တို့​သည်​ကြောက်​မက်​ဖွယ်​သော ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ငါ​သည် သင်​တို့​နှင့်​အ​တူ​မ​ရှိ​တော့​သ​ဖြင့် ဤ​ကဲ့​သို့ သော​ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​သည်​ဟု သိ​မြင်​လာ​ကြ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 31