ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 31:26-30 Common Language Bible (BCL)

26. ``ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​ကျမ်း စာ​အုပ်​ကို​ယူ​၍ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​အ​နီး တွင်​ထား​လော့။ ထို​ကျမ်း​စာ​အုပ်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​တစ်​ဘက်​၌​သက်​သေ အ​ဖြစ် ထို​နေ​ရာ​၌​ရှိ​နေ​စေ​ရ​မည်။-

27. သူ​တို့​သည်​ခေါင်း​မာ​၍​ပုန်​ကန်​တတ်​သော သ​ဘော​ရှိ​ကြောင်း​ကို​ငါ​သိ​၏။ သူ​တို့​သည် ငါ​မ​သေ​ခင်​က​ပင်​ထာ​ဝ​ရ​ဘု​ရား​အား ပုန်​ကန်​ခဲ့​လျှင် ငါ​သေ​လွန်​ပြီး​နောက်​သာ ၍​ပုန်​ကန်​ကြ​ဦး​မည်။-

28. ငါ​သည်​ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ပြော ကြား​နိုင်​ရန် သင်​တို့​အ​နွယ်​ဝင်​များ​၏​ခေါင်း ဆောင်​တို့​နှင့်​အ​ရာ​ရှိ​အပေါင်း​တို့​ကို​စု​ရုံး စေ​လော့။ ငါ​သည်​ကောင်း​ကင်​နှင့်​မြေ​ကြီး ကို​တိုင်​တည်​၍ သူ​တို့​အား​ပြော​ကြား​မည်။-

29. ငါ​သေ​လွန်​ပြီး​နောက်​ဤ​လူ​တို့​သည်​အ​ကျင့် ဖောက်​ပြား​၍ ငါ​သွန်​သင်​ခဲ့​သ​မျှ​တို့​ကို​ပစ် ပယ်​မည်​ဖြစ်​ကြောင်း​ငါ​သိ​၏။ နောင်​အ​ခါ​၌ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​တား​မြစ်​သော ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့် အ​မျက်​တော် ထွက်​သ​ဖြင့်​သူ​တို့​သည်​ဘေး​ဒဏ်​နှင့်​တွေ့ ကြုံ​ရ​ကြ​လိမ့်​မည်'' ဟု​သ​တိ​ပေး​လေ​၏။

30. ထို့​နောက်​မော​ရှေ​သည်​သီ​ချင်း​တစ်​ပုဒ်​လုံး​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ရွတ်​ပြ​လေ​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 31