ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 3:3-15 Common Language Bible (BCL)

3. ``သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် သြ​ဃ​ဘု​ရင် နှင့်​သူ​၏​လူ​အ​ပေါင်း​တို့​ကို​ငါ​တို့​၏​လက်​သို့ အပ်​သ​ဖြင့် ငါ​တို့​သည်​တစ်​ယောက်​မ​ကျန်​သတ် ဖြတ်​သုတ်​သင်​ခဲ့​ကြ​၏။-

4. တစ်​ချိန်​တည်း​မှာ​ပင်​ငါ​တို့​သည် သူ​ပိုင်​ဆိုင် သော​မြို့​ရှိ​သ​မျှ​ကို​သိမ်း​ယူ​ကြ​သည်။ ငါ​တို့ မ​သိမ်း​ယူ​သော​မြို့​ဟူ​၍​တစ်​မြို့​မှ​မ​ရှိ။ ငါ တို့​သည်​မြို့​ပေါင်း​ခြောက်​ဆယ်၊ တစ်​နည်း​အား ဖြင့်​ဗာ​ရှန်​ဘု​ရင်​ကြီး​စိုး​သော​အာ​ဂေါ​ဘ ဒေ​သ​တစ်​ခု​လုံး​ကို​သိမ်း​ယူ​ကြ​သည်။-

5. ထို​မြို့​အား​လုံး​တို့​သည်​မြင့်​မား​သော​မြို့​ရိုး၊ မြို့​တံ​ခါး​များ​နှင့်​မြို့​တံ​ခါး​ကန့်​လန့်​ကျင် များ​ရှိ​သ​ဖြင့် ခိုင်​ခံ့​သော​မြို့​များ​ဖြစ်​ကြ သည်။ အ​ကာ​အ​ကွယ်​ကင်း​မဲ့​သော​ကျေး​ရွာ များ​လည်း​အ​မြောက်​အ​မြား​ရှိ​သည်။-

6. ငါ​တို့​သည်​ဟေ​ရှ​ဘုန်​ဘု​ရင်​ရှိ​ဟုန်​ပိုင်​သော မြို့​များ​နှင့်​မြို့​သူ​မြို့​သား​များ​ကို​ဖျက်​ဆီး သုတ်​သင်​သ​ကဲ့​သို့ သြ​ဃ​မင်း​ပိုင်​သော​မြို့ အား​လုံး​ကို​ဖျက်​ဆီး​၍ ယောကျာ်း​မိန်း​မ​နှင့် က​လေး​သူ​ငယ်​အ​ပေါင်း​တို့​ကို​သတ်​ဖြတ် သုတ်​သင်​ခဲ့​ကြ​သည်။-

7. တိရစ္ဆာန်​များ​နှင့်​မြို့​များ​မှ​ဥစ္စာ​ပစ္စည်း​များ ကို​လည်း သိမ်း​ယူ​ခဲ့​ကြ​သည်။

8. ``သို့​ဖြစ်​၍​ထို​အ​ချိန်​တွင်​ငါ​တို့​သည် အာ​နုန် မြစ်​မှ​ဟေ​ရ​မုန်​တောင်​အ​ထိ​ကျယ်​ပြန့်​သော ယော​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို ထို အာ​မော​ရိ​ဘု​ရင်​နှစ်​ပါး​တို့​ထံ​မှ​သိမ်း ယူ​ကြ​၏။-

9. (ဟေ​ရ​မုန်​တောင်​ကို​ဇိ​ဒုန်​အ​မျိုး​သား​တို့​က စိ​ရုန်​ဟူ​၍​လည်း​ကောင်း၊ အာ​မော​ရိ​အ​မျိုး သား​တို့​က ရှ​နိ​ရ​ဟူ​၍​လည်း​ကောင်း​ခေါ်​ဝေါ် သ​မုတ်​ကြ​၏။-)

10. ငါ​တို့​သည်​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​မင်း​ပိုင်​သော မြေ​ပြန့်​ရှိ​မြို့​များ​ကို​လည်း​ကောင်း၊ အ​ရှေ့​ဘက် ရှိ​သာ​လ​က​မြို့​နှင့် ဧဒြိ​မြို့​များ​အ​ထိ​ကျယ် ပြန့်​သော​ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​အား​လုံး ကို​လည်း​ကောင်း​သိမ်း​ယူ​ခဲ့​ကြ​သည်။''

11. (သြ​ဃ​ဘု​ရင်​သည်​အ​လွန်​ထွား​ကြိုင်း​သော ရီ​ဖိမ် အ​နွယ်​ဝင်​ထဲ​မှ​နောက်​ဆုံး​ကြွင်း​ကျန်​သူ​ဖြစ်​၏။ သူ​၏​အ​လောင်း​ထည့်​ရာ​ခေါင်း​ကို​ကျောက်​ဖြင့် ပြု​လုပ်​၍ အ​နံ​ခြောက်​ပေ၊ အ​လျား​တစ်​ဆယ့် လေး​ပေ​နီး​ပါး​ရှိ​၏။ ထို​ဘု​ရင်​၏​ခေါင်း​ကို အမ္မုန်​ပြည်​ရဗ္ဗတ်​မြို့​တွင်​ယ​နေ့​တိုင်​တွေ့​မြင် နိုင်​လေ​သည်။)

12. ``ငါ​တို့​သည်​ဤ​ပြည်​ကို​သိမ်း​ပိုက်​စဉ်​အ​ခါ က အာ​နုန်​မြစ်​အ​နီး​ရှိ၊ အာ​ရော်​မြို့​မှ​စ​၍ ဂိ​လဒ်​တောင်​ကုန်း​ဒေ​သ​တစ်​ဝက်​နှင့် ယင်း​ဒေ​သ ရှိ​မြို့​များ​ကို​ရုဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့ အား​ငါ​ခွဲ​ဝေ​ပေး​၏။-

13. ဂိ​လဒ်​ပြည်​ကျန်​တစ်​ဝက်​နှင့်​သြဃ​ဘု​ရင်​အုပ် စိုး​သော​ဗာ​ရှန်​ပြည်​အား​လုံး၊ တစ်​နည်း​အား ဖြင့်​အာ​ဂေါ​ဘ​ဒေ​သ​တစ်​ခု​လုံး​ကို မ​နာ​ရှေ အ​နွယ်​တစ်​ဝက်​တို့​အား​ငါ​ခွဲ​ဝေ​ပေး​၏။''(ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​ကို ရီ​ဖိမ်​လူ​မျိုး တို့​၏​ပြည်​ဟူ​၍​ခေါ်​တွင်​ခဲ့​သည်။-

14. မ​နာ​ရှေ​အ​နွယ်​ဝင်​ယာ​ဣ​ရ​သည် ဂေ​ရှု​ရ​နှင့် မာ​ခါ​နယ်​စပ်​အ​ထိ​ကျယ်​ဝန်း​သော​ဗာ​ရှန် ပြည်၊ တစ်​နည်း​အား​ဖြင့်​အာ​ဂေါ​ဘ​ဒေ​သ တစ်​ခု​လုံး​ကို​သိမ်း​ယူ​သည်။ သူ​သည်​ကျေး​ရွာ များ​ကို သူ​၏​နာ​မည်​ဖြင့်​မှည့်​ခေါ်​ရာ​၌ ယ​နေ့ တိုင်​အောင်​ယာ​ဣ​ရ​၏​ကျေး​ရွာ​များ​ဟု​ခေါ် တွင်​သ​တည်း။)

15. ``မ​နာ​ရှေ​အ​နွယ်​ဝင်​မာခိရ​အ​မျိုး​သား တို့​အား ဂိ​လဒ်​မြို့​ကို​ငါ​ခွဲ​ဝေ​ပေး​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 3