50. သင်တို့အားကြီးငယ်မဟူမည်သူ့ကိုမျှ သနားညှာတာလိမ့်မည်မဟုတ်။-
51. သူတို့သည်သင်တို့၏အစားအစာဖြစ် သောသိုးနွားများနှင့် အသီးအနှံများကို စားသုံးကြသဖြင့်သင်တို့သည်အစာငတ် ၍သေကြေပျက်စီးကြလိမ့်မည်။ သင်တို့၏ စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သိုးနွားတို့ ကိုအကုန်စားသုံးလိုက်ကြသဖြင့် သင် တို့အစာငတ်၍သေရကြလိမ့်မည်။-
52. သူတို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ပေးသနားတော်မူမည့်ပြည်တွင်မြို့ ရှိသမျှကိုတိုက်ခိုက်သဖြင့် သင်တို့လုံခြုံ ပြီဟုစိတ်ချရသောမြင့်မားခိုင်ခံ့သည့် မြို့ရိုးတို့သည်ပြိုကျကုန်လိမ့်မည်။
53. ``ရန်သူတို့သည် သင်တို့၏မြို့များကိုဝိုင်း၍ တပ်ချထားသောအခါ သင်တို့သည်ဆာလောင် ငတ်မွတ်လှသဖြင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသောသား သမီးများ၏အသားကိုပင်လျှင်စားကြ လိမ့်မည်။-
54-55. ယင်းသို့မြို့ကိုရန်သူပိုင်ထားစဉ်ဆာလောင် ငတ်မွတ်သောသူသည် ယဉ်ကျေးသောသူပင် ဖြစ်လင့်ကစား မိမိသားသမီး၏အသား ကိုစားလိမ့်မည်။ သူသည်မိမိညီအစ်ကို၊ ချစ် သောဇနီး၊ ကျန်သောသားသမီးတို့အား ထိုအသားကိုဝေမျှ၍စားမည်မဟုတ်။-
56-57. ယဉ်ကျေးသိမ်မွေ့၍ဥစ္စာပစ္စည်းကြွယ်ဝသဖြင့် မြေကိုခြေနှင့်မနင်းဘူးသောအမျိုးသမီး သည်ပင် မြို့ကိုရန်သူများဝိုင်း၍အစားအစာ ပြတ်လပ်သောအခါ မိမိမွေးစကလေး၏ အသားနှင့်အချင်းကိုလျှို့ဝှက်စွာစားကြ လိမ့်မည်။ ထိုကလေး၏အသားနှင့်အချင်း ကို မိမိချစ်သောခင်ပွန်းနှင့်သားသမီး တို့အားဝေမျှ၍စားမည်မဟုတ်၊
58. ``သင်တို့သည်ဤကျမ်းတွင်ရေးထားသော ထာဝရဘုရား၏ပညတ်တော်အားလုံး ကို တစ်သဝေမတိမ်းမလိုက်နာလျှင်သော် လည်းကောင်း၊ သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အံ့သြကြောက်မက်ဖွယ်ကောင်း သောနာမတော်ကို မရိုသေကြလျှင်သော် လည်းကောင်း၊-
59. ကိုယ်တော်သည်သင်တို့နှင့်သင်တို့၏အဆက် အနွယ်တို့၌ ကုသ၍မရနိုင်သောရောဂါ ဆိုးများနှင့်ကြောက်မက်ဖွယ်ကောင်းသော ကပ်ရောဂါများကျရောက်စေတော်မူမည်။-
60. အီဂျစ်ပြည်တွင်သင်တို့တွေ့ကြုံခဲ့ရသော ကြောက်မက်ဖွယ်ရောဂါဆိုးများကို သင်တို့ ၌တစ်ဖန်ကျရောက်စေတော်မူသဖြင့် သင်တို့နာလန်ထူနိုင်လိမ့်မည်မဟုတ်။-
61. ထာဝရဘုရား၏ပညတ်များနှင့်သြဝါဒ များပါရှိသော ဤကျမ်းတွင်ဖော်ပြခြင်း မရှိသည့်အခြားရောဂါနှင့်ကပ်ရောဂါ အမျိုးမျိုးကိုလည်း သင်တို့အပေါ်သို့ကျ ရောက်စေတော်မူသဖြင့်သင်တို့သေကြေ ပျက်စီးရလိမ့်မည်။-
62. သင်တို့သည်မိုးကောင်းကင်ရှိကြယ်များ ကဲ့သို့ အရေအတွက်များပြားကြသော် လည်း ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကိုမနာခံသောကြောင့် လူ နည်းစုမျှလောက်သာအသက်ရှင်၍ကြွင်း ကျန်လိမ့်မည်။-
63. ထာဝရဘုရားသည်သင်တို့အားကြီးပွား တိုးတက်စေရာ၌လည်းကောင်း၊ လူဦးရေ တိုးပွားများပြားစေရာ၌လည်းကောင်း၊ နှစ်သက်အားရတော်မူသည့်နည်းတူသင် တို့ကိုသုတ်သင်ဖျက်ဆီးရာ၌လည်း ကောင်း၊ အကျိုးနည်းဆုံးရှုံးစေရာ၌ လည်းကောင်း နှစ်သက်အားရတော်မူလိမ့် မည်။ သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်မှ သင်တို့အားထုတ်ပယ်တော်မူလိမ့်မည်။
64. ``ထာဝရဘုရားသည် သင်တို့အားကမ္ဘာတစ် စွန်းမှတစ်စွန်းတိုင်အောင် လူမျိုးအပေါင်းတို့ ထဲသို့ပျံ့နှံ့ကွဲလွင့်စေတော်မူလိမ့်မည်။ ထို အခါသင်တို့နှင့်သင်တို့ဘိုးဘေးတို့မကိုး ကွယ်ဘူးသောသစ်သား၊ သံတို့ဖြင့်ထုလုပ် သည့်ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ လိမ့်မည်။-
65. သင်တို့သည်ရောက်ရှိသောနေရာတွင်ငြိမ်း ချမ်းမှုကိုမရရှိနိုင်။ အတည်တကျနေ ထိုင်ရာအရပ်မရှိ။ထာဝရဘုရားသည် သင်တို့အားပူပင်သောကရောက်စေတော် မူမည်။ မျှော်လင့်ရာမဲ့ပြီးစိတ်ပျက်အား လျော့စေတော်မူမည်။-
66. သင်တို့သည်အသက်ဘေးနှင့်အစဉ်တွေ့ ကြုံနေရမည်။ နေ့ညမပြတ်ကြောက်ရွံ့ ထိတ်လန့်၍သေဘေးနှင့်အစဉ်ရင်ဆိုင် လျက်နေရမည်။-
67. သင်တို့တွေ့မြင်နေရသမျှတို့ကြောင့် စိတ်တုန်လှုပ်ချောက်ချားလျက်ရှိလိမ့်မည်။ နံနက်တိုင်းသင်တို့သည်ညအချိန်ရောက် ပါစေဟူ၍လည်းကောင်း၊ ညနေတိုင်း၌ လည်းနံနက်အချိန်ရောက်ပါစေဟူ၍ လည်းကောင်းတမ်းတကြလိမ့်မည်။-