37. သင်တို့ကိုအပြည်ပြည်သို့ကွဲလွင့်စေတော် မူသောအခါ ယင်းပြည်သားတို့သည်သင် တို့၏အဖြစ်ကိုမြင်၍ထိတ်လန့်ကြလိမ့် မည်။ သင်တို့အားပြောင်လှောင်သရော်ကဲ့ရဲ့ ရှုတ်ချကြလိမ့်မည်။
38. ``သင်တို့သည်မျိုးစေ့များစွာကြဲသော် လည်းထွက်လာသော အသီးအနှံများကို ကျိုင်းကောင်များကိုက်စားသောကြောင့် အနည်းငယ်မျှသာရိတ်သိမ်းရလိမ့်မည်။-
39. သင်တို့သည်စပျစ်ဥယျာဉ်များစိုက်ပျိုး ပြုစုသော်လည်း စပျစ်နွယ်များကိုပိုးကိုက် သဖြင့်စပျစ်သီးကိုမစားရ။ စပျစ်ရည်ကို လည်းမသောက်ရ။-
40. သင်တို့နေထိုင်ရာပြည်တွင်သံလွင်ပင်များ အနှံ့အပြားပေါက်လျက်ရှိမည်ဖြစ်သော် လည်း အသီးများကြွေကျကုန်သဖြင့်သင် တို့သည်သံလွင်သီးကိုမရနိုင်။-
41. သင်တို့တွင်သားသမီးများပေါက်ဖွားမည် ဖြစ်သော်လည်း ရန်သူကသူတို့ကိုသုံ့ပန်း အဖြစ်ဖမ်းဆီးသွားမည်ဖြစ်သောကြောင့် သင်တို့သည်သားမဲ့သမီးမဲ့ဖြစ်လိမ့်မည်။-
42. သင်တို့၏သစ်ပင်နှင့်ကောက်ပဲသီးနှံရှိသမျှ တို့သည် ပိုးကျ၍ပျက်စီးကုန်လိမ့်မည်။
43. ``သင်တို့ပြည်တွင်နေထိုင်သောလူမျိုးခြား သားတို့သည် ဂုဏ်အသရေတိုးမြင့်သည်ထက် တိုးမြင့်၍ သင်တို့မှာမူကားဂုဏ်အသရေ ကျဆင်းလာလိမ့်မည်။-
44. သူတို့သည်သင်တို့အားငွေချေးနိုင်ကြမည် ဖြစ်သော်လည်း သင်တို့၌မူကားသူတို့အား ချေးနိုင်စွမ်းရှိမည်မဟုတ်။ သူတို့သည်သင် တို့၏ခေါင်းဆောင်များဖြစ်၍ သင်တို့သည် သူတို့၏တပည့်များဖြစ်ကြလိမ့်မည်။
45. ``သင်တို့တွင်ဤဘေးဒဏ်များကျရောက် လိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကိုမနာခံ၊ ကိုယ်တော် ၏ပညတ်တော်များကိုမစောင့်ထိန်းလျှင် သင်တို့သေကြေပျက်စီးသည့်တိုင်အောင် ဤကဲ့သို့သောဘေးဒဏ်များနှင့်တွေ့ကြုံ ရလိမ့်မည်။-