ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 28:19-30 Common Language Bible (BCL)

19. ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ပြု​လေ​သ​မျှ ကို​ကျိန်​စာ​သင့်​စေ​တော်​မူ​မည်။-

20. ``သင်​တို့​သည်​ဒု​စ​ရိုက်​ကို​ပြု​၍ ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပယ်​လျှင် သင်​တို့​ဆောင်​ရွက် သ​မျှ​တို့​၏​အ​ကျိုး​ဆက်​များ​မှာ​ပျက်​စီး ဆုံး​ရှုံး​ခြင်း၊ သော​က​ဗျာ​ပါ​ဒ​နှင့်​ဆင်း​ရဲ ဒုက္ခ​များ​ဖြစ်​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​တို့​သည် လျင်​မြန်​စွာ​သေ​ကြေ​ပျက်​စီး​ရ​လိမ့်​မည်။-

21. သင်​တို့​တွင်​ကပ်​ရောဂါ​တစ်​မျိုး​နောက်​တစ်​မျိုး ကျ​ရောက်​သ​ဖြင့် သင်​တို့​ဝင်​ရောက်​သိမ်း​ယူ မည့်​ပြည်​၌​တစ်​ယောက်​မ​ကျန်​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။-

22. ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​ကူး​စက် တတ်​သော​ဖော​ရောင်​၍​ဖျား​သော​ရော​ဂါ များ​ကျ​ရောက်​စေ​လိမ့်​မည်။ မိုး​ခေါင်​ခြင်း၊ လေ​ပူ​တိုက်​ခတ်​ခြင်း​ဒဏ်​တို့​ကြောင့်​သင် တို့​၏​အ​သီး​အ​နှံ​များ​လည်း​ပျက်​စီး ရ​လိမ့်​မည်။ သင်​တို့​သေ​ကြေ​ပျက်​စီး​သည့် တိုင်​အောင် ဤ​ဘေး​ဒုက္ခ​များ​နှင့်​တွေ့​ကြုံ ရ​လိမ့်​မည်။-

23. မိုး​မ​ရွာ​သ​ဖြင့်​သင်​တို့​၏​မြေ​သည်​သံ ကဲ့​သို့​မာ​ကျော​လာ​လိမ့်​မည်။-

24. ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ရွာ​စေ​မည့်​အ​စား ဖုံ​မုန်​တိုင်း၊ သဲ​မုန်​တိုင်း​များ​ကျ​ရောက်​စေ သ​ဖြင့်​သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ကုန် ကြ​လိမ့်​မည်။

25. ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ များ​အား​အောင်​ပွဲ​ခံ​စေ​မည်။ သင်​တို့​သည် ရန်​သူ​အား​လမ်း​တစ်​လမ်း​တည်း​ဖြင့်​တိုက် ခိုက်​ကြ​လျက် စစ်​ရှုံး​သ​ဖြင့်​လမ်း​အ​သွယ် သွယ်​ဖြင့်​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-

26. သင်​တို့​သေ​ဆုံး​သော​အ​ခါ​ငှက်​များ​နှင့် သား​ရဲ​တိ​ရစ္ဆာန်​တို့​က သင်​တို့​၏​အ​သား ကို​စား​ကြ​လိမ့်​မည်။ ထို​ငှက်​နှင့်​သား​ရဲ တိ​ရစ္ဆာန်​များ​ကို​မောင်း​နှင်​မည့်​သူ​ရှိ​လိမ့် မည်​မ​ဟုတ်။-

27. အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ သင်​တို့​၌​အ​နာ စိမ်း​ရော​ဂါ​စွဲ​စေ​တော်​မူ​မည်။ သင်​တို့​၏​ကိုယ် ပေါ်​တွင်​အ​နာ​ပေါက်​စေ​တော်​မူ​မည်။ သင်​တို့ တွင်​ဆေး​ကု​၍​မ​ရ​သော​ဝဲ​ခြောက်​နာ၊ ယား နာ​များ​စွဲ​ကပ်​လိမ့်​မည်။-

28. သင်​တို့​တွင်​စိတ်​ဖောက်​ပြန်​ခြင်း၊ မျက်​စိ​ကွယ် ခြင်း၊ တွေ​ဝေ​ခြင်း​စ​သည့်​အ​ဖြစ်​ဆိုး​များ နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။-

29. နေ့​ခင်း​ကြောင်​တောင်​၌​ပင်​လျှင်​စမ်း​တ​ဝါး ဝါး​သွား​ရ​သော​မျက်​မ​မြင်​ကဲ့​သို့ သင်​တို့ သည်​လမ်း​ကို​ရှာ​မ​တွေ့​ဖြစ်​လိမ့်​မည်။ လုပ် ဆောင်​သ​မျှ​တို့​၌​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​သူ​တစ်​ပါး​၏​နှိပ်​စက်​ခြင်း၊ လု ယူ​ခြင်း​ကို​အ​မြဲ​ခံ​ရ​လျက်​မည်​သူ​က​မျှ သင်​တို့​အား​ကယ်​မည်​မ​ဟုတ်။

30. ``သင်​နှင့်​လက်​ထပ်​ရန်​စေ့​စပ်​ထား​သော​မိန်း​မ ကို အ​ခြား​သူ​တစ်​ယောက်​က​မ​ယား​အ​ဖြစ် ပေါင်း​သင်း​လိမ့်​မည်။ သင်​သည်​အိမ်​ကို​ဆောက် သော်​လည်း​ထို​အိမ်​တွင်​မ​နေ​ရ။ စပျစ်​ဥ​ယျာဉ် ကို​စိုက်​သော်​လည်း​အ​သီး​ကို​မ​စား​ရ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 28