9. ကိုယ်တော်သည်အစာရေစာပေါကြွယ်ဝသော ဤပြည်သို့ပို့ဆောင်နေထိုင်စေတော်မူ၏။-
10. ထို့ကြောင့်အကျွန်ုပ်သည်ကိုယ်တော်ပေးသနား တော်မူသော လက်ဦးလက်ဖျားအသီးအနှံ များကို ယခုယူဆောင်ဆက်ကပ်ပါသည်' ဟူ၍ရွတ်ဆိုရမည်။ထို့နောက်တောင်းကိုထာဝရဘုရား၏ရှေ့ တော်တွင်ချထား၍ဝတ်ပြုကိုးကွယ်ရမည်။-
11. သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်နှင့်သင်၏မိသားစုအားကျေးဇူး ပြုတော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်း လော့။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင်သော လေဝိအမျိုးသားများ၊ လူမျိုးခြားသား များသည်သင်တို့နှင့်အတူပျော်ပွဲရွှင်ပွဲ ကိုဆင်နွှဲစေကြလော့။
12. ``သုံးနှစ်လျှင်တစ်ကြိမ်သင်၏အသီးအနှံ ထဲမှ ဆယ်ဖို့တစ်ဖို့ကိုလေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့် မုဆိုးမများအားပေးကမ်းလော့။ ဤနည်း အားဖြင့်သူတို့သည် မိမိတို့နေထိုင်ရာအရပ် တွင် ဝလင်စွာစားသောက်ရကြလိမ့်မည်။ ထို သို့ပေးကမ်းပြီးနောက်ထာဝရဘုရား အား၊-
13. `အကျွန်ုပ်သည်ပေးကမ်းရန်သီးသန့်ထား သောဆယ်ဖို့တစ်ဖို့ကို အိမ်တွင်ခြွင်းချန်မ ထားပါ။ ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း လေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့်မုဆိုးမများအား ပေးကမ်းပါပြီ။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ ကိုယ်တော်ပညတ်သမျှတို့ကိုမချိုးဖောက်၊ မမေ့လျော့ပါ။-
14. အကျွန်ုပ်သည်သေသူအတွက်ဝမ်းနည်းကြေ ကွဲနေစဉ် ထိုဆယ်ဖို့တစ်ဖို့ထဲမှယူ၍မစား ခဲ့ပါ။ ဘာသာရေးထုံးနည်းအရအကျွန်ုပ် မသန့်ရှင်းစဉ် ထိုဆယ်ဖို့တစ်ဖို့ကိုအိမ်အပြင် သို့မထုတ်ပါ။ ထိုဆယ်ဖို့တစ်ဖို့မှယူ၍သေ သူအားမပူဇော်ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်၏အမိန့်တော်ကိုအကျွန်ုပ်နာခံ ပါ၏။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ကိုယ်တော် ပညတ်သမျှအတိုင်းဆောင်ရွက်ပြီးပါပြီ။-
15. ကိုယ်တော်စိုးစံတော်မူရာကောင်းကင်ဘုံမှ ကြည့်ရှုတော်မူ၍ ဘိုးဘေးတို့အားကတိ ထားတော်မူသည့်အတိုင်းပေးသနားသော အစာရေစာပေါကြွယ်ဝသည့်ပြည်နှင့် တကွ ကိုယ်တော်၏လူမျိုးတော်ဖြစ်သော ဣသရေလလူမျိုးတို့အားကောင်းချီး ပေးတော်မူပါ' ဟူ၍လျှောက်ဆိုရမည်။
16. ``သင်တို့သည်ဤပညတ်တော်အားလုံးကို လိုက်နာရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ယနေ့တွင်မိန့်မှာတော်မူ၏။ သို့ ဖြစ်၍ယင်းပညတ်များကိုတစ်သဝေ မတိမ်းလိုက်လျှောက်ရန်အစွမ်းကုန်အား ထုတ်လော့။-
17. ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်သည်ဟုယနေ့သင်ဝန်ခံပြီ။ သင်တို့ သည်ဘုရားသခင်၏စကားကိုနားထောင် ရန်လည်းကောင်း၊ ပညတ်တော်ရှိသမျှကို စောင့်ထိန်းရန်လည်းကောင်း၊ မိန့်မှာတော်မူ သမျှကိုလိုက်နာရန်လည်းကောင်းကတိ ပေးခဲ့ပြီ။-
18. ထာဝရဘုရားသည် ကတိတော်အတိုင်း သင်တို့အားကိုယ်တော်၏လူမျိုးတော်အဖြစ် ယနေ့လက်ခံတော်မူပြီ။ သင်တို့သည်ပညတ် တော်ရှိသမျှတို့ကိုလိုက်နာရန်မိန့်မှာ တော်မူ၏။-
19. ကိုယ်တော်သည်မိမိဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့ထက် သင်တို့အားပို၍ ကြီးမြတ်စေတော်မူလိမ့်မည်။ သင်တို့အား ဖြင့်ကိုယ်တော်၏ဘုန်းကျက်သရေထွန်း ပြောင်လာလိမ့်မည်။ ကတိတော်ရှိသည့် အတိုင်း သင်တို့သည်ကိုယ်တော်၏လူမျိုး တော်ဖြစ်လိမ့်မည်'' ဟုပြောဆိုလေ၏။