ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 26:13-17 Common Language Bible (BCL)

13. `အ​ကျွန်ုပ်​သည်​ပေး​ကမ်း​ရန်​သီး​သန့်​ထား သော​ဆယ်​ဖို့​တစ်​ဖို့​ကို အိမ်​တွင်​ခြွင်း​ချန်​မ ထား​ပါ။ ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း လေ​ဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​အား ပေး​ကမ်း​ပါ​ပြီ။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍ ကိုယ်​တော်​ပ​ညတ်​သ​မျှ​တို့​ကို​မ​ချိုး​ဖောက်၊ မ​မေ့​လျော့​ပါ။-

14. အ​ကျွန်ုပ်​သည်​သေ​သူ​အ​တွက်​ဝမ်း​နည်း​ကြေ ကွဲ​နေ​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ထဲ​မှ​ယူ​၍​မ​စား ခဲ့​ပါ။ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​အ​ကျွန်ုပ် မ​သန့်​ရှင်း​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ကို​အိမ်​အ​ပြင် သို့​မ​ထုတ်​ပါ။ ထို​ဆယ်​ဖို့​တစ်​ဖို့​မှ​ယူ​၍​သေ သူ​အား​မ​ပူ​ဇော်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​အ​ကျွန်ုပ်​နာ​ခံ ပါ​၏။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍​ကိုယ်​တော် ပ​ညတ်​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-

15. ကိုယ်​တော်​စိုး​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ ကြည့်​ရှု​တော်​မူ​၍ ဘိုး​ဘေး​တို့​အား​က​တိ ထား​တော်​မူ​သည့်​အ​တိုင်း​ပေး​သ​နား​သော အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သည့်​ပြည်​နှင့် တ​ကွ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​သော ဣ​သ​ရေ​လ​လူ​မျိုး​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ' ဟူ​၍​လျှောက်​ဆို​ရ​မည်။

16. ``သင်​တို့​သည်​ဤ​ပ​ညတ်​တော်​အား​လုံး​ကို လိုက်​နာ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ယ​နေ့​တွင်​မိန့်​မှာ​တော်​မူ​၏။ သို့ ဖြစ်​၍​ယင်း​ပ​ညတ်​များ​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​လျှောက်​ရန်​အ​စွမ်း​ကုန်​အား ထုတ်​လော့။-

17. ထာ​ဝ​ရ​ဘု​ရား​သည် သင်​၏​ဘု​ရား​သ​ခင် ဖြစ်​သည်​ဟု​ယ​နေ့​သင်​ဝန်​ခံ​ပြီ။ သင်​တို့ သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​ထောင် ရန်​လည်း​ကောင်း၊ ပ​ညတ်​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​ရန်​လည်း​ကောင်း၊ မိန့်​မှာ​တော်​မူ သ​မျှ​ကို​လိုက်​နာ​ရန်​လည်း​ကောင်း​က​တိ ပေး​ခဲ့​ပြီ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 26