ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 26:1-13 Common Language Bible (BCL)

1. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့ ဝင်​ရောက် သိမ်း​ပိုက်​နေ​ထိုင်​ကြ​သော​အ​ခါ၊-

2. သင်​တို့​သည်​လက်​ဦး​လက်​ဖျား​အ​သီး​အ​နှံ အ​မျိုး​မျိုး​ကို​တောင်း​ထဲ​၌​ထည့်​ပြီး​လျှင် တစ်​ခု​တည်း​သော​ကိုး​ကွယ်​ရာ​ဌာ​န​သို့​ယူ ဆောင်​သွား​ရ​မည်။-

3. ထို​အ​ချိန်​တွင်​တာ​ဝန်​ကျ​သော​ယဇ်​ပု​ရော ဟိတ်​ထံ​သို့​သွား​၍`အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဘိုး​ဘေး​တို့​အား​က​တိ ထား​တော်​မူ​သော​ပြည်​သို့ အ​ကျွန်ုပ်​ရောက်​ရှိ နေ​ပြီ​ဖြစ်​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​ထံ ယ​နေ့​ဝန်​ခံ​ပါ​၏' ဟု​ပြော​ဆို​လော့။

4. ``ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည် သင့်​ထံ​မှ တောင်း​ကို​ယူ​၍ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပလ္လင်​ရှေ့​မှာ​ချ​ထား​ရ​မည်။-

5. ထို​နောက်​သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်`အ​ကျွန်ုပ်​၏​ဘိုး​ဘေး​သည် အိုး​အိမ် အ​တည်​တ​ကျ​မ​ရှိ​သော​အာ​ရေ​မီ​ယန် အ​မျိုး​သား​ဖြစ်​ပါ​သည်။ သူ​သည်​သူ​၏ မိ​သား​စု​ကို​ခေါ်​၍ အီ​ဂျစ်​ပြည်​သို့​သွား ရောက်​နေ​ထိုင်​ခဲ့​ပါ​သည်။ ထို​ပြည်​သို့​ရောက် စဉ်​က​သူ​တို့​၏​ဦး​ရေ​အ​နည်း​ငယ်​မျှ သာ​ရှိ​သော်​လည်း နောင်​တွင်​လူ​ဦး​ရေ​များ ၍​အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ်​လာ ပါ​သည်။-

6. အီ​ဂျစ်​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​တို့ ကို​ညှင်း​ဆဲ​နှိပ်​စက်​၍​ကျွန်​အ​ဖြစ်​စေ ခိုင်း​ပါ​သည်။-

7. ထို​အ​ခါ​အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကူ​ညီ မ​စ​ရန်​လျှောက်​ထား​ကြ​ပါ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​တို့​၏​လျှောက်​ထား​ချက် ကို​နား​ညောင်း​တော်​မူ​၍ အ​ကျွန်ုပ်​တို့​ခံ​ရ သော​ညှင်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ ကို​သိ​မြင်​တော်​မူ​၏။-

8. ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​နှင့် လက်​ရုံး​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ် ပြည်​မှ​ကယ်​တင်​တော်​မူ​ခဲ့​သည်။ ကိုယ်​တော် သည်​နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ်​ရာ များ​ကို​ပြ​၍ ကြောက်​မက်​ဖွယ်​သော​ဘေး​ဒဏ် များ​ကို​ကျ​ရောက်​စေ​တော်​မူ​သည်။-

9. ကိုယ်​တော်​သည်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ဤ​ပြည်​သို့​ပို့​ဆောင်​နေ​ထိုင်​စေ​တော်​မူ​၏။-

10. ထို့​ကြောင့်​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပေး​သ​နား တော်​မူ​သော လက်​ဦး​လက်​ဖျား​အ​သီး​အ​နှံ များ​ကို ယ​ခု​ယူ​ဆောင်​ဆက်​ကပ်​ပါ​သည်' ဟူ​၍​ရွတ်​ဆို​ရ​မည်။ထို့​နောက်​တောင်း​ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်​ချ​ထား​၍​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။-

11. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​နှင့်​သင်​၏​မိ​သား​စု​အား​ကျေး​ဇူး ပြု​တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း လော့။ သင်​တို့​နှင့်​တစ်​ရပ်​တည်း​နေ​ထိုင်​သော လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​သား များ​သည်​သင်​တို့​နှင့်​အ​တူ​ပျော်​ပွဲ​ရွှင်​ပွဲ ကို​ဆင်​နွှဲ​စေ​ကြ​လော့။

12. ``သုံး​နှစ်​လျှင်​တစ်​ကြိမ်​သင်​၏​အ​သီး​အ​နှံ ထဲ​မှ ဆယ်​ဖို့​တစ်​ဖို့​ကို​လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့် မု​ဆိုး​မ​များ​အား​ပေး​ကမ်း​လော့။ ဤ​နည်း အား​ဖြင့်​သူ​တို့​သည် မိမိ​တို့​နေ​ထိုင်​ရာ​အ​ရပ် တွင် ဝ​လင်​စွာ​စား​သောက်​ရ​ကြ​လိမ့်​မည်။ ထို သို့​ပေး​ကမ်း​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား အား၊-

13. `အ​ကျွန်ုပ်​သည်​ပေး​ကမ်း​ရန်​သီး​သန့်​ထား သော​ဆယ်​ဖို့​တစ်​ဖို့​ကို အိမ်​တွင်​ခြွင်း​ချန်​မ ထား​ပါ။ ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း လေ​ဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​အား ပေး​ကမ်း​ပါ​ပြီ။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍ ကိုယ်​တော်​ပ​ညတ်​သ​မျှ​တို့​ကို​မ​ချိုး​ဖောက်၊ မ​မေ့​လျော့​ပါ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 26