ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 24:7-14 Common Language Bible (BCL)

7. ``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​အား​အ​ဋ္ဌမ္မ ဖမ်း​ဆီး​၍ ကျွန်​စေ​စား​သူ​သို့​မ​ဟုတ်​ကျွန်​အ​ဖြစ် ရောင်း​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ​နည်း အား​ဖြင့်​သင်​တို့​သည် ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား နိုင်​လိမ့်​မည်။

8. ``သင်​တို့​တွင်​ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ရေ ပြား​ရော​ဂါ​ဖြစ်​ပွား​သော​အ​ခါ လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​အား​ငါ​ညွှန်​ကြား ထား​သည့်​အ​တိုင်း​ဆောင်​ရွက်​ရန်​ဂ​ရု​ပြု​ရ မည်။ သူ​တို့​အား​ငါ​မိန့်​မှာ​ထား​သည့်​အ​တိုင်း လိုက်​နာ​ကြ​လော့။-

9. ငါ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​စဉ်​က သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​ရိ​အံ​အား​မည်​ကဲ့​သို့​ဒဏ်​ခတ်​တော်​မူ​ခဲ့ ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။

10. ``သင်​တို့​သည်​လူ​တစ်​ဦး​အား​တစ်​စုံ​တစ်​ခု​ကို ချေး​ငှား​သော​အ​ခါ ထို​သူ​အ​ပေါင်​ထား​သော အဝတ်​အင်္ကျီ​ကို​ယူ​ရန်​သူ​၏​အိမ်​ထဲ​သို့​မ​ဝင် ရ။-

11. ထို​သူ​ကိုယ်​တိုင်​ယူ​လာ​သော​အ​ပေါင်​ပစ္စည်း ကို​အိမ်​အ​ပြင်​မှာ​စောင့်​၍​ယူ​ရ​မည်။-

12. သူ​သည်​ဆင်း​ရဲ​သား​တစ်​ယောက်​ဖြစ်​လျှင် ထို​အင်္ကျီ​ကို​မိုး​မ​ချုပ်​မီ​ပြန်​ပေး​လော့။-

13. သူ​သည်​ထို​အင်္ကျီ​ကို​ဝတ်​၍​အိပ်​နိုင်​ရန်​ည နေ​တိုင်း​ပြန်​ပေး​လော့။ ထို​အ​ခါ​သူ​သည် သင့်​အား​ကျေး​ဇူး​တင်​လိမ့်​မည်။ သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သင့်​ကို​နှစ်​သက်​တော်​မူ​လိမ့်​မည်။

14. ``သင်​တို့​၏​မြို့​တွင်​နေ​ထိုင်​သော​ဆင်း​ရဲ​နွမ်း ပါး​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​စေ​ခံ ကို​သော်​လည်း​ကောင်း၊ လူ​မျိုး​ခြား​သား အ​စေ​ခံ​ကို​သော်​လည်း​ကောင်း​မ​လိမ်​လည် မ​လှည့်​ဖြား​နှင့်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 24