ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 24:16-22 Common Language Bible (BCL)

16. ``သား​သ​မီး​တို့​၏​ပြစ်​မှု​ကြောင့် မိ​ဘ​တို့​သေ ဒဏ်​မ​ခံ​စေ​ရ။ ထို​နည်း​တူ​မိ​ဘ​တို့​၏​ပြစ်​မှု ကြောင့် သား​သ​မီး​တို့​သေ​ဒဏ်​မ​ခံ​စေ​ရ။ လူ တိုင်း​မိ​မိ​၏​ပြစ်​မှု​ကြောင့်​သာ​သေ​ဒဏ်​ခံ စေ​ရ​မည်။

17. ``သင်​တို့​သည်​လူ​မျိုး​ခြား​နှင့်​မိ​ဘ​မဲ့​က​လေး တို့​ရ​ထိုက်​သော​အ​ခွင့်​အ​ရေး​ကို​ပေး​ရ​မည်။ မု​ဆိုး​မ​၏​အ​ဝတ်​အင်္ကျီ​ကို​အ​ပေါင်​ပစ္စည်း အ​ဖြစ်​မ​ယူ​ရ။-

18. သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား လွတ်​မြောက်​စေ​တော်​မူ​ခဲ့​ကြောင်း​ကို​လည်း ကောင်း​သ​တိ​ရ​ကြ​လော့။ ထို့​ကြောင့်​ငါ​သည် သင်​တို့​အား​ဤ​ပညတ်​ကို​ပေး​၏။

19. ``သင်​တို့​သည်​ကောက်​ပင်​များ​ကို​ရိတ်​သိမ်း သော​အ​ခါ ကျန်​ရစ်​သော​ကောက်​လှိုင်း​များ​ကို တစ်​ပတ်​ပြန်​ကြော့​၍​မ​စု​သိမ်း​ရ။ ထို​ကောက် လှိုင်း​များ​ကို​လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ က​လေး​များ​နှင့်​မု​ဆိုး​မ​များ​အ​တွက်​ချန် ထား​ခဲ့​ရ​မည်။ ယင်း​အ​တိုင်း​ပြု​ပါ​မူ​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​ပြု​လေ​သ​မျှ​ကို​ကောင်းချီး​ပေး​တော်​မူ လိမ့်​မည်။-

20. သံ​လွင်​သီး​များ​ကို​လည်း​တစ်​ကြိမ်​ဆွတ်​ခူး ပြီး​လျှင် အ​ကြွင်း​အ​ကျန်​ကို​နောက်​တစ်​ကြိမ် ပြန်​ကြော့​၍​မ​ဆွတ်​ခူး​ရ။ ထို​ကြွင်း​ကျန် သော​အ​သီး​များ​ကို​လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ အ​တွက်​ချန်​ထား​ရ​မည်။-

21. စ​ပျစ်​သီး​များ​ကို​လည်း​တစ်​ကြိမ်​ဆွတ်​ခူး ပြီး​လျှင် အ​ကြွင်း​အ​ကျန်​ကို​နောက်​တစ်​ကြိမ် ပြန်​ကြော့​၍​မ​ဆွတ်​ခူး​ရ။ ထို​ကြွင်း​ကျန်​သော အ​သီး​များ​ကို လူ​မျိုး​ခြား​များ​မိ​ဘ​မဲ့ က​လေး​များ​နှင့် မု​ဆိုး​မ​များ​အ​တွက်​ချန် ထား​ရ​မည်။-

22. သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ခဲ့​ရ ဖူး​ကြောင်း​ကို ဘယ်​သော​အ​ခါ​မျှ​မ​မေ့ ကြ​နှင့်။ ထို့​ကြောင့်​ငါ​သည်​သင်​တို့​အား​ဤ ပ​ညတ်​ကို​ပေး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 24