ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 24:10-17 Common Language Bible (BCL)

10. ``သင်​တို့​သည်​လူ​တစ်​ဦး​အား​တစ်​စုံ​တစ်​ခု​ကို ချေး​ငှား​သော​အ​ခါ ထို​သူ​အ​ပေါင်​ထား​သော အဝတ်​အင်္ကျီ​ကို​ယူ​ရန်​သူ​၏​အိမ်​ထဲ​သို့​မ​ဝင် ရ။-

11. ထို​သူ​ကိုယ်​တိုင်​ယူ​လာ​သော​အ​ပေါင်​ပစ္စည်း ကို​အိမ်​အ​ပြင်​မှာ​စောင့်​၍​ယူ​ရ​မည်။-

12. သူ​သည်​ဆင်း​ရဲ​သား​တစ်​ယောက်​ဖြစ်​လျှင် ထို​အင်္ကျီ​ကို​မိုး​မ​ချုပ်​မီ​ပြန်​ပေး​လော့။-

13. သူ​သည်​ထို​အင်္ကျီ​ကို​ဝတ်​၍​အိပ်​နိုင်​ရန်​ည နေ​တိုင်း​ပြန်​ပေး​လော့။ ထို​အ​ခါ​သူ​သည် သင့်​အား​ကျေး​ဇူး​တင်​လိမ့်​မည်။ သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သင့်​ကို​နှစ်​သက်​တော်​မူ​လိမ့်​မည်။

14. ``သင်​တို့​၏​မြို့​တွင်​နေ​ထိုင်​သော​ဆင်း​ရဲ​နွမ်း ပါး​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​စေ​ခံ ကို​သော်​လည်း​ကောင်း၊ လူ​မျိုး​ခြား​သား အ​စေ​ခံ​ကို​သော်​လည်း​ကောင်း​မ​လိမ်​လည် မ​လှည့်​ဖြား​နှင့်။-

15. နေ့​စဉ်​နေ​မ​ဝင်​မီ​သူ့​အား​နေ့​တွက်​ခ​ကို​ပေး ရ​မည်။ သူ​သည်​ဆင်း​ရဲ​သ​ဖြင့်​ထို​ငွေ​ကို​ရ လို​၏။ သင်​သည်​အ​ခ​ငွေ​ကို​မ​ပေး​လျှင် သူ သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​လျှောက်​ထား​သ​ဖြင့် သင်​သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​လိမ့်​မည်။

16. ``သား​သ​မီး​တို့​၏​ပြစ်​မှု​ကြောင့် မိ​ဘ​တို့​သေ ဒဏ်​မ​ခံ​စေ​ရ။ ထို​နည်း​တူ​မိ​ဘ​တို့​၏​ပြစ်​မှု ကြောင့် သား​သ​မီး​တို့​သေ​ဒဏ်​မ​ခံ​စေ​ရ။ လူ တိုင်း​မိ​မိ​၏​ပြစ်​မှု​ကြောင့်​သာ​သေ​ဒဏ်​ခံ စေ​ရ​မည်။

17. ``သင်​တို့​သည်​လူ​မျိုး​ခြား​နှင့်​မိ​ဘ​မဲ့​က​လေး တို့​ရ​ထိုက်​သော​အ​ခွင့်​အ​ရေး​ကို​ပေး​ရ​မည်။ မု​ဆိုး​မ​၏​အ​ဝတ်​အင်္ကျီ​ကို​အ​ပေါင်​ပစ္စည်း အ​ဖြစ်​မ​ယူ​ရ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 24